စစ်သားများကို စော်ကားမှုဖြင့် တရုတ်ခရီးသွားဘလော့ဂါတစ်ဦးကို ထောင်ဒဏ် ၇ လ ချမှတ်

စစ်သားများကို စော်ကားမှုဖြင့် တရုတ်ခရီးသွားဘလော့ဂါတစ်ဦးကို ထောင်ဒဏ် ၇ လ ချမှတ်

အိန္ဒိယနှင့် ဂေါ်ဝမ်တောင်ကြား နယ်စပ်တိုက်ပွဲတွင် သေဆုံးသွားခဲ့သော တရုတ်စစ်တပ်(PLA) စစ်သားများ၏ ဂူသချိုင်းကို စော်ကားမှုဖြင့် တရုတ်ခရီးသွားဘလော့ဂါတစ်ဦးကို ထောင်ဒဏ် ၇ လ ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁၅ရက်တွင် ဖော်ပြခဲ့သည်။

ရှင်ကျန်းပြည်နယ်ရှိ ဒေသဆိုင်ရာတရားရုံးတစ်ခုက လီချီရှန်ကို ၁၀ ရက်အတွင်း မီဒီယာများမှ တစ်ဆင့် လူသိရှင်ကြား တောင်းပန်ရန် အမိန့်ပေးခဲ့ကြောင်း တရုတ်အစိုးရမီဒီယာ Global Times က ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ် ဇူလိုင်လတွင်၊ တရုတ်ဘလော့ဂါသည် တရုတ်ပြည်အနောက်မြောက်ပိုင်းရှိ ကာရာခိုရမ် တောင်များတွင်ရှိသော သင်္ချိုင်းတစ်ခုသို့ ခရီးသွားရောက်ခဲ့သည်။

တရုတ်အစိုးရ၏ အဆိုအရ ချီရှန်သည် သုသာန်တွင် အောက်ခြေကျောက်တုံးတွင် ရေးထွင်းထားသော နာမည်ပေါ်တွင် ပထမဆုံး ခြေချပြီးနောက် သင်္ချိုင်း အထိန်းအမှတ်ကျောက်တိုင်ကို မှီခဲ့သည်။

“ဂေါ်ဝမ်တောင်ကြား နယ်စပ်တိုက်ပွဲတွင် အသက်ကို စတေးခဲ့တဲ့ ချန်ရှန်ကုန်းရဲ့သင်္ချိုင်းဘေးမှာ အပြုံးပန်းဆင်ပြီး အုတ်ဂူကို ပစ္စတိုသေနတ်နဲ့ ပစ်နေဟန် အမူအရာလုပ်ပြခဲ့ပါတယ်” ဟု ဒေသတွင်း စုံစမ်းစစ်ဆေးများက ဆိုသည်။

လီသည် နာမည်ကြီး တရုတ်လူမှုကွန်ရက် WeChatတွင် ဓာတ်ပုံများကို မျှဝေခဲ့သည်။ ဘလော့ဂါ သည် အဆိုပါဓာတ်ပုံများကို ဖျက်လိုက်သော်လည်း နောက်ပိုင်းတွင် "Toutiao News" တွင် တင်ခဲ့ရာ တရုတ်အင်တာနက်အသုံးပြုသူများ၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံခဲ့ရသည်။

၂၀၂၁ခုနှစ်အစောပိုင်းတွင်၊ အိန္ဒိယနှင့် ဂေါ်ဝမ်တောင်ကြား နယ်စပ်တိုက်ပွဲတွင် စစ်ရေးအရ အသေ အပျောက်များသည့် ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်များရေးသားခဲ့သဖြင့် နာမည်ကြီး တရုတ်ဘလော့ဂါတစ်ဦးကို ထောင်ဒဏ် ၇လ ချမှတ်ခဲ့သည်။

အွန်လိုင်းတွင် ဝင်ရောက်ကြည့်ရှုသူ ၂ ဒသမ ၅ သန်းကျော်ရှိတဲ့ အင်တာနက်နာမည်ကြီး ချီဇီမင်းသည်လည်း တရုတ် အာဇာနည်များကို အသရေဖျက်မှုဖြင့် နိုဝင်ဘာ ၁၅ရက်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly