ချင်းပြည်နယ်သွားသည့် ရွှေယောမန်း ယာဉ်ပေါ်မှ လက်နက်များ စစ်ကောင်စီ သိမ်းဆည်း

ချင်းပြည်နယ်သွားသည့် ရွှေယောမန်း ယာဉ်ပေါ်မှ လက်နက်များ စစ်ကောင်စီ သိမ်းဆည်း

နိုဝင်ဘာ ၂၁

မန္တလေးတိုင်း နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ပြေးဆွဲနေသည့် ရွှေယောမန်း ယာဉ်လိုင်း ခရီးသည်တင် ကားပေါ်မှ သေနတ်နှင့် ကျည်ဆန်များအား စစ်ကောင်စီတပ်က သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။

အစစ်အဆေးကြမ်းသော မကွေးတိုင်း၊ ပေါက်မြို့ရှိ အိမ်တွင်းမှု ကားဂိတ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်က စစ်ဆေးသိမ်းဆည်းခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကားပေါ်တင်လာသည့် ဆိုင်ကယ်အင်ဂျင်အတွင်း၌ ကျည်ဆန်များနှင့် ကားအတွင်း မွေ့ယာများထဲတွင် ၀ှက်၍ သယ်လာသော သေနတ်များ၊ scope (သေနတ်မှန်ပြောင်း) များ သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှု နောက်ဆက်တွဲအဖြစ် ဆောမြို့နယ်၊ ကျောက်ထု လေယာဉ်ကွင်း တောင်ဘက်ရှိ နတ်ရဲရွာ မှ ရွှေယောမန်း ဂိတ်မှူး အမျိုးသမီးတစ်ဦးကို ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly