တစ်နိုင်ငံလုံးနီးပါး system breakdown ဖြစ်ကာ လျှပ်စစ်မီးပြတ်တောက်

တစ်နိုင်ငံလုံးနီးပါး system breakdown ဖြစ်ကာ လျှပ်စစ်မီးပြတ်တောက်

နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် နိုဝင်ဘာ ၂၀ရက် ည၇နာရီ၄၅မိနစ်အချိန်တွင် System Breakdown ဖြစ်သွားပြီး တစ်ပြိုင်နက် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။

မဇ္ဈိမက စုံစမ်းရသလောက် ရန်ကုန်တိုင်းအတွင်းက မြို့နယ်များအားလုံး၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်နေရာများ မီးပြတ်သွားခဲ့သည်။

သို့သော် မိတ္ထီလာ နှင့် တနင်္သာရီတိုင်းတို့တွင် မီးပြတ်တောက်ခြင်းမရှိကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

230 kv တောင်တွင်းကြီး-သပြေဝ ဓာတ်အားလိုင်း ဓာတ်အားစနစ် ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်ခြင်းဖြစ်ကြောင်း YESC-call center က မီးပြတ်ရသည့် အကြောင်းအရင်းကို ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အလားတူဖြစ်ရပ်မျိုး အောက်တိုဘာလကလည်း ဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly