စစ်အုပ်စု ထုတ်ကုန် ဘီယာများနှင့် သတင်းစာများကို ကနီ PDF ဖျက်ဆီး

20 November 2021
စစ်အုပ်စု ထုတ်ကုန် ဘီယာများနှင့် သတင်းစာများကို ကနီ PDF ဖျက်ဆီး

နိုဝင်ဘာ ၂၀

ကနီမြို့နယ်အတွင်း ဖြတ်သန်း သယ်ဆောင်လာသည့် စစ်အုပ်စု၏ ထုတ်ကုန် ဘီယာများနှင့် သတင်းစာများကို ကနီ PDF တပ်ဖွဲ့များက ယမန့်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းဆီး ဖျက်ဆီး ခဲ့သည်။

စစ်အုပ်စု၏ ထုတ်ကုန်များကို သုံးစွဲခြင်း မပြုဘဲ Boycott ပြုလုပ်ကြရန် ကနီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကလည်း ကြေညာထားခဲ့ပြီး ဖြစ်သည် ဟု ဆိုသည်။

စစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်ခြင်း ၊ ရောင်းချခြင်း နှင့် ဝယ်ယူခြင်းများကို တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။

ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုရ (NUG) ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် အောက်တိုဘာလ ၂၄ ရက်မှ စတင်ကာ ဖွဲ့စည်းထားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို လက်မခံဘဲ မိမိတို့ ရပ်ရွာများအတွင်း တရားမျှတစွာဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရန်နှင့် မိမိတို့ဒေသသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်များကို PDF တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly