ဖြေရှင်းရ ခက်ခဲနေဦးမည့် မြေသိမ်းယာသိမ်း ပြဿ နာ

ဖြေရှင်းရ ခက်ခဲနေဦးမည့် မြေသိမ်းယာသိမ်း ပြဿ နာ

မိမိတို့နိုင်ငံတွင် ဖြေရှင်းရခက်သည့် ပြဿ     နာများစွာရှိပါသည်။ ထိုအထဲတွင် မြေယာပြဿ     နာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းမြေယာ ပြဿ     နာများထဲမှာမှ သိမ်းဆည်းခံထားရသည့် မြေယာပြဿ    နာမှာ အကြီးမားဆုံ ပြဿ     နာပင် ဖြစ်သည်။

မတရား သိမ်းဆည်းခံထားရသည်ဟု ယူဆရသည့် မြေယာအများစုမှာ တပ်မတော်က သိမ်းယူ ထားသည့် မြေယာများဖြစ်သည်ဟူသည့် သတင်းသည် တိုင်းပြည်ဂုဏ်သိက္ခာနှင့် တပ်မတော်၏ ဂုဏ်သိက္ခကို ထိခိုက်စေပါသည်။

ယခုအခါ မတရားသိမ်းဆီးခံရသည့် မြေယာများကို မူလပိုင်ရှင်များက ပြန်လည်တောင်းဆိုခြင်း၊ အကြခဏဆိုသလို မိမိတို့လယ်ယာမြေများကို မိမိသဘောနှင့်မိမိ ပြန်လည်ရယူနိုင်ဖို့ ကြိုးစားခြင်းနှင့် တပ်မတော်အပါဝင် လယ်ယာသိမ်းဆီးထားခဲ့ကြသူ ကုမ္ပဏီများ၊ အစိုးရ ဌာနဆိုင်ရာများကိုယ်၌က မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် သတင်းတချို့ကိုလည် ကြားကြရပါသည်။ တချိန် တည်းမှာပင် သိမ်းဆည်းခံရသည့် မြေယာများ ပြန်ရရေး တောင်းဆိုဆန္ဒပြသည့် သူများကို ဖမ်းဆီး၊ ရုံးတင် ပြစ်ဒဏ်ပေးသည့် သတင်းများကိုလည်း ကြားကြရပါသည်။

စိတ်ပျက်စရာ ကောင်းသည့်အချက်မှာ မြန်မာနိုင်ငံတွင် မတရား သိမ်းဆီးခံထားရသည့် မြေယာအရေအတွက်၊ သိမ်းဆီးရယူထားသည်ဆိုသည့် အဖွဲ့အစည်းများ၊ သိမ်းဆီးခံရသည့် မြေယာ ပိုင်ရှင်များ၏ စာရင်းအတိအကျမှာမူ ကောက်ယူရန် ခက်ခဲနေသည့်သဘောရှိသဖြင့် သိမ်းဆီးခံရ မြေယာပြဿ     နာများ ဖြေရှင်းရန် အခြေခံအားဖြင့် လိုအပ်ချက်ကြီး ဖြစ်နေပြန်ပါသည်။

မြေယာများကို မတရားသဖြင့် သိမ်းဆီးထားသည်ဟူ၍ နာမည်အထွက်ဆုံးမှာ တပ်မတော်ဖြစ် နေသည်။ ထိုအခါ ပြဿနာများမှာ ပိုမိုရှုပ်ထွေးရပြန်သည်။ သိမ်းဆည်းထားသည့် မြေယာများကို တချို့သော တပ်ရင်းတပ်ဖွဲ့များက ကိုယ်တိုင်လုပ်ကိုင်ခြင်းမပြုပဲ တဖန်သီးစားချထား လုပ်ကိုင်ကြပြန် သောအခါ မြန်မာနိုင်ငံ သီးစားချထားဆိုင်ရာ ဥပဒေအရ ပိုမိုရှုပ်ထွေးကုန်ရပြန်သည်။

တပ်မတော်အ နေဖြင့် လယ်ယာများသိမ်းဆီးရယူထားခြင်းအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ၂၀၁၃ ခု၊ ဇူလိုင်လ ၁၆ ရက်မှာကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မှာတင်ပြရာတွင် လယ်ယာခြံမြေ ဧက ၁၉၇၀၀၀ ဧကရှိခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်ယာခြံမြေနှင့်ပတ်သက်သည့် တိကျရှင်းလင်းသည့် ဥပဒေများ ပြဌာန်း ထားရှိခြင်း မရှိသည့်အတွက် မြေယာပြဿနာမှာ ဖြေရှင်း ခက်ခဲ့သည့် ပြဿနာကြီးဖြစ်လာခဲ့ရသည်ဟု ဝေဖန်သံ များလည်း ကြားရပါသည်။

ထို ဥပဒေအားနည်းချက်ကြောင့်ပင်လျင် ၁၉၉၉ ခနှစ်အတွင်းက ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာရှိသည့် မြေဧက ၂၀၀၀၀၀ ကို ပုဂ္ဂလိကလုပ်ငန်းရှင် ၉ ဦးလက်သို့ အစုအပြုံလိုက် လွှဲပြောင်းချထားပေးခဲ့သည့်အဖြစ်များပင် ရှိခဲ့သည်ဟု ယူဆရပါသည်။

ယခုအခါ မြေယာသိမ်းဆီးမှုများအပေါ်မူတည်ကာ သိမ်းဆီးခံရသည်ဆိုသည့် ကာယကံရှင်များ ဘက်မှလည်း သည်အတိုင်း ငြိမ်နေကြမည့်သဘော မရှိချေ။ သိမ်းဆီးထားကြသည့် အဖွဲ့အစည်းများ သည်လည်း သည်အတိုင်း ပြန်လည်လွှဲပြောင်းပေးအပ်မည့် အရိပ်လက္ခဏာ မတွေ့ရ။ မိမိတို့တိုင်းပြည် မြေယာပြဿနာမှာ ဖြေရှင်းရခက်ခဲသည့် ပြဿနာကြီးအဖြစ် တဖြေးဖြေး ကြီးထွားလာနေမည်မှာ ကတော့ သေချာကြောင်း တင်ပြ အစီရင်ခံလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly