အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၏ အနောက်ပိုင်းရှိ အသွားအလာများသည့် လမ်းတစ်လမ်းပေါ်တွင် နိုဝင်ဘာ ၁၃ ရက်က ဘတ်စ်ကားတစ်စီး ဖောက်ခွဲတိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
"ဒက်ရှ်တီ ဘာရီ ဧရိယာမှာ ရှိတဲ့ မာတက်ဘ် ကာလာနယ်မြေမှာ ခရီးသွားတွေကို တင်ဆောင်လာတဲ့ မီနီဘတ်စ်ကားတစ်စီးမှာ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ခဲ့တာကို ကျွန်တော်တို့ ကြားခဲ့ရတယ်၊ အဲဒီနောက်ပိုင်း အဲဒီနေရာတစ်ခုလုံးကို တာလီဘန် လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ခဲ့ပါတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။
ဘတ်စ်ကားသည် ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးလောင်ပြီး မီးခိုးမည်းလုံးကြီးများ ကောင်းကင်ပေါ် တက်နေခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ယင်းဖြစ်စဥ်က အများပြည်သူကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
လက်ရှိအချိန်အထိ ယင်းတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိသေးပေ။