ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း

By ဂန္ဒမာ
18 November 2021
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း

နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမကြီးပေါ်ရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ယာကို ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၃ နာရီတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း ရှာဖွေကြောင်း အိမ်ယာဝင်းအတွင်း နေထိုင်သူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။

"အင်အားတော်တော် များပါတယ်။ Double Cap ကိုးစီး၊ ရဲကားအကြီး နှစ်စီးနဲ့ပေါ့၊ စစ်သားများတယ်၊ ရဲနဲတယ်။ အခန်းတစ်ခန်းထဲတော့ ဝင်သွားတယ်။ လူလာရှာတာ ဖြစ်နိုင်တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများနှင့် ရဲများအားလုံး ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ဖြစ်စဉ်တွင် တစ်ဦးတစ်ယောက် အဖမ်းခံရခြင်း ရှိ၊ မရှိ ကိုမူ မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly