လှိုင်သာယာတွင် စစ်ကောင်စီသတင်းပေးဟု ဆိုသူ အသတ်ခံရ

လှိုင်သာယာတွင် စစ်ကောင်စီသတင်းပေးဟု ဆိုသူ အသတ်ခံရ

နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၁၀)ရပ်ကွက်ရှိ စစ်ကောင်စီ သတင်းပေးဟု ယူဆခံနေရသူ ဘင်လာဒင် (ခ) ကိုကျော်မင်းဦးသည် ယနေ့ နံနက် ၈ နာရီကျော်တွင် ဆင်ဖြူရှင်လမ်းမကြီးပေါ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

"မနေ့ကပဲ လူငယ်တစ်ယောက် ပါသွားတယ်။ သူ့ကြောင့် ပါသွားတဲ့လူတွေ တော်တော် များနေပြီ"ဟု ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် Gods of Death အဖွဲ့က ပြောသည်။

ကိုကျော်မင်းဦး၏ ရင်ဘတ် တည့်တည့်ကို တစ်ချက်တည်း ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုကျော်မင်းဦးကို ဒလန်ဟု ပြောဆို ယူဆနေကြသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly