ဥရောပသမဂ္ဂပါလီမန်အဖွဲ့ ထိုင်ဝမ်ခရီးစဉ်ကို တရုတ် ကန့်ကွက်

By The Singapore post
17 November 2021
ဥရောပသမဂ္ဂပါလီမန်အဖွဲ့ ထိုင်ဝမ်ခရီးစဉ်ကို တရုတ် ကန့်ကွက်

ဥရောပပါလီမန်အဖွဲ့ဝင်အချို့၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကာ ဥရောပအား အထူးသတိပေးလိုက်သည်။

နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ သဘောတူညီမှုကို စိုးမိုးသည့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းတစ်ခုအနေဖြင့် တရုတ်-ဥရောပသမဂ္ဂသံတမန်ဆက်ဆံရေး ထူထောင်ရေးနှင့် ဆက်ဆံ ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်တစ်ပြည်ထောင်မူဝါဒသည် နိုင်ငံရေး အခြေခံအုတ်မြစ်ဖြစ်သည်။

မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်အာဏာပိုင်များနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုမျိုးမပြုလုပ်ခြင်းသည် တရုတ် တစ်နိုင်ငံတည်း မူဝါဒ၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

“ဥရောပပါလီမန်သည် ဥရောပသမဂ္ဂ၏ အရေးကြီးသော တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်း၏ အဖွဲ့ဝင် များသည် ထိုင်ဝမ်ပြဿနာ၏ ရှုပ်ထွေးပြီး အကဲဆတ်သည့် သဘောသဘာဝကို အပြည့်အဝ အသိအမှတ်ပြု သင့်ပြီး ဥရောပသမဂ္ဂ၏ ကတိကဝတ်များကို သစ္စာရှိရှိနေထိုင်ရန်၊ ထိုင်ဝမ်နှင့်ဆက်နွှယ်သည့်ပြဿနာများကို သတိရှိရှိကိုင်တွယ်ဖြေရှင်းရန်နှင့် တရုတ်- ဥရောပသမဂ္ဂ ဆက်ဆံရေးအတွက် နိုင်ငံရေးအခြေခံအုတ်မြစ်ကို နဂိုအတိုင်းထားရှိသင့်သည်။

“‘ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးသမားများထံ မှားယွင်းသော အချက်ပြမှုများကို ရှောင်ရှားရန် ဥရောပအား တရုတ်က တိုက်တွန်းကြောင်း သို့မဟုတ်ပါက တရုတ်- ဥရောပသမဂ္ဂဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေမည်ကို စိုးရိမ်ကြောင်း“၎င်းက ပြောကြားခဲ့သည်။

“လူအနည်းစုရဲ့ ရူးသွပ်တဲ့ ပြကွက်က တရုတ်တစ်နိုင်ငံမူဝါဒအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ကမ္ဘာလုံး ဆိုင်ရာ ခိုင်မာတဲ့ ကတိကဝတ်ကို နည်းနည်းလေးမှ တုန်လှုပ်စေမှာ မဟုတ်ပါသလို မလွဲမသွေ ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေးကိုလည်း ထိခိုက်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ အကြံအစည်တွေက ပျက်ပြယ်သွားလိမ့်မယ်” ဟု တရုတ်အကြီးတန်းအရာရှိက ပြောပါသည်။

ထိုင်ဝမ်သို့ အလည်အပတ်ရောက်ရှိနေသော ဥရောပပါလီမန် (EP) ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲ ဂလတ်မန်မှ ထိုင်ဝမ်သမ္မတ စိုင်အမ်ဝမ်အား လွတ်လပ်ရေးတိုက်ပွဲတွင် တစ်နိုင်ငံတည်းမဟုတ်ကြောင်း နိုဝင်ဘာ ၁၁ရက်တွင် အာမခံချက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly