ဓနုဖြူမြို့ အထက (၁) ကျောင်းလမ်းအနီးက ရဲလိုင်းခန်းတွင် ဗုံးပေါက်ကွဲ

ဓနုဖြူမြို့ အထက (၁) ကျောင်းလမ်းအနီးက ရဲလိုင်းခန်းတွင် ဗုံးပေါက်ကွဲ

နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ အထက (၁)ကျောင်းလမ်း အနီးရှိ ရဲလိုင်းခန်းထောင့်တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ပေါက်ကွဲမှုကို ဓနုဖြူမြို့ပြ ပြောက်ကျားတပ်ဖွဲ့(ဓနုဖြူ STF )က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံများနှင့် စစ်ကောင်စီအား ထောက်ခံနေသော ရဲမိသားစုများအား သတိပေးသော အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဓနုဖြူ STF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဓနုဖြူမြို့ပေါ်လမ်းများတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ည ၆ နာရီခန့်အချိန်တွင် ရပ်ကွက်များအတွင်း ဝင်ရောက်၍ မတရားဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly