အကျဉ်းကျနေသည့်တရုတ်ဂျာနယ်လစ်၏ ကျန်းမာရေးယိုယွင်းလာမှုအပေါ် အမေရိကန်စိုးရိမ်

By Zee5
16 November 2021
အကျဉ်းကျနေသည့်တရုတ်ဂျာနယ်လစ်၏ ကျန်းမာရေးယိုယွင်းလာမှုအပေါ် အမေရိကန်စိုးရိမ်

ဝူဟန်မြို့၌ ၂၀၂၀ အစောပိုင်းက ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း သတင်းတင်ဆက်ခြင်းအတွက် မတရားအကျဉ်းချခံထားရသော တရုတ်ဂျာနယ်လစ် ကျန်းကျန်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုအပေါ် အမေရိကန်က အလေးအနက်စိုးရိမ်ကြောင်းနိုဝင်ဘာ၈ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

“တရုတ်နိုင်ငံသား သတင်းထောက် ကျန်းကျန်ရဲ့ ကျန်းမာရေး ယိုယွင်းလာမှုကို အမေရိကန်က အရမ်းစိုးရိမ်နေပါတယ်။ သူမဆွေမျိုးတွေရဲ့ ပြောကြားချက်တွေအပေါ် ကိုးကားရေးသားထားတဲ့ သတင်းတွေအရ ကျန်းဟာ သေလုမျောပါး ဖြစ်နေပါတယ်။၂၀၂၀ခုနှစ် ဒီဇင်ဘာလမှာ ပေကျင်းအာဏာပိုင်တွေက ဝူဟန်မြို့ ကိုဗစ်-၁၉ သတင်းနဲ့ ပတ်က်လို့ ပတ်သက်တဲ့စွဲချက်တွေနဲ့ ထောင်ဒဏ်၄နှစ်ချမှတ်ခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

“သူမမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အပေါ်အမေရိကန်ဟာ တခြားသံတမန်အဖွဲ့တွေနဲ့အတူ အလေးအနက် စိုးရိမ်ကြောင်း ထပ်ခါတလဲလဲ ထုတ်ပြန်ခဲ့ပါတယ်။ သူမကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ ပြည်သူတွေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာဖို့ တရုတ်ကို ထပ်လောင်းတောင်းဆိုပါတယ်” ဟု နက်ပရိုက်စ်ကပြောသည်။

တရုတ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူ ကျန်းကျန်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် Human Rights Watch အဖွဲ့ကလည်း နိုဝင်ဘာ၅ရက်က တောင်းဆိုခဲ့သည်။

ကျန်းကို ၂၀၂၁ခုနှစ်ဩဂုတ်လက ၁၁ရက်ကြာဆေးရုံတင်ခဲ့ရသည်။ သူမ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသော်လည်း အကျဉ်းထောင်သို့ ပြန်ပို့ခဲ့သည်။

ကျန်းသည်ရှေ့နေဟောင်းတစ်ဦးဖြစ်ပြီးကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအကြောင်း မှတ်တမ်းတင်ရန် ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီကလ ကိုဗစ်-၁၉ ပထမဆုံးတွေ့ရှိကြောင်း အတည်ပြုခဲ့သည့် ဝူဟန်မြို့သို့သွားရောက်ခဲ့သည်။ မေလတွင်ရဲများက ကျန်းအားထိမ်းသိမ်းလိုက်ပြီး သူမနေထိုင်ရာရှန်ဟိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထောင်သွင်းအကျဉ်းချခံထားရသော တရုတ်နိုင်ငံသား သတင်းထောက် ကျန်းကျန်သည် သူမအား ထောင်သွင်းအကျဉ်းချခြင်းကို ကန့်ကွက်သည့်အနေဖြင့် မကြာမကြာအစာငတ်ခံဆန္ဒပြမှုများ လအတန်ကြာ ပြုလုပ်ပြီးနောက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ဝါရှင်တန်အခြေစိုက် သတင်းအေဂျင်စီတစ်ခုက သိရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly