တရုတ်သင်္ဘောများ တရားမဝင်သောင်တူးမှု မပြုလုပ်ရေး ပါဝင်တားမြစ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တောင်းဆို

တရုတ်သင်္ဘောများ တရားမဝင်သောင်တူးမှု မပြုလုပ်ရေး ပါဝင်တားမြစ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တောင်းဆို

တရုတ်သင်္ဘောများ တရားမဝင်သောင်တူးမှု မပြုလုပ်စေရေးအတွက် တရုတ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီ (MAC) ဝန်ကြီး ချုတိုင်စန်က ပြောကြား ခဲ့သည်ဟု Taiwan News သတင်းဌာနက ဖော်ပြသည်။

ထိုင်ဝမ်ရေပြင်အတွင်းသို့ တရုတ်သောင်တူးသင်္ဘောများ ဖြတ်သန်းသွားခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်းနှင့် ဒေသ ငါးဖမ်းလုပ်ငန်းများအတွက် အရင်းအမြစ်များ လျော့နည်းသွားသည်ဟု ဝန်ကြီးက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

တရုတ်အာဏာပိုင်များက တရားမဝင်သောင်တူးခြင်းကို ဆက်လက်အရေးယူသင့်ကြောင်း ချုက အလေးထားပြောကြားခဲ့သည်ဟု Liberty Times သတင်းတွင်လည်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ် ကမ်းရိုးတန်းနှင့် ထိုင်ဝမ်ရေလက်ကြားအလယ်ရှိ ပန်ဟူအနီးရှိ အစွန်အဖျားရှိ ကင်မန်နှင့် မတ်စုကျွန်းများအနီးတွင် ထိုသို့သော တရားမဝင်သော အပြုအမှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ချုက ဆိုသည်။

ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ရေးဆွဲထားသော ယခင်ရေလက်ကြားဖြတ်ကျော် သဘောတူညီချက်များ အရ ဥပဒေချိုးဖောက်ခြင်းနှင့် ပတ်သက်သည့် အထောက်အထားများကို တရုတ်သို့ ပေးအပ်လျက်ရှိသည်။

ထိုင်ဝမ်က ကမ်းခြေစောင့်တပ်ကို ဒုတိယရေတပ်အဖြစ် အားကောင်းစေရေး လုပ်ဆောင်နေစဉ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပသည့် MAC အစည်းအဝေးအတွင်း၊ တာဝန်ရှိသူများက အာရှပစိဖိတ်နှင့် အရှေ့တောင်အာရှတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသည့် တရုတ်၏ တိုးချဲ့ရေကြောင်းဆိုင်ရာ ဥပဒေများကို တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly