ရက္ခိုင့်တပ်တော် (AA)က စစ်သုံ့ပန်း ၁၅ဦးကို စစ်ကောင်စီတပ်ထံသို့ လွှဲပြောင်းပေး

ရက္ခိုင့်တပ်တော် (AA)က စစ်သုံ့ပန်း ၁၅ဦးကို စစ်ကောင်စီတပ်ထံသို့ လွှဲပြောင်းပေး

နိုဝင်ဘာလ ၁၆ ရက်

ရက္ခိုင့်တပ်တော် (AA)က စစ်သားနှင့်ရဲ သုံ့ပန်း ၁၅ ဦးကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီတပ်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောက်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား ကျောက်ကွင်းနေရာအနီးတွင် ဗိုလ်ကြီးရဲလင်းစိုး(ဆေးမှူး)အပါအဝင် စစ်သားနှင့်ရဲ  သုံ့ပန်းများအား  မြန်မာ့တပ်မတော်ဘက်မှ ဗိုလ်မှူးဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Arakan Info Desk တွင်ဖော်ပြထားသည်။ 

နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေရသောသူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန်အရေးတကြီး လိုအပ်နေသောသူများကို လူသားချင်းစာနာ ထောက်ထားမှု အရသော်လည်းကောင်း၊ သုံ့ပန်းများကို ထိန်းသိမ်းထားသော နေရာပတ်ဝန်းကျင်၌ ကိုရိုနာဗိုင်းရပ် (Coronavirus)ကူးစက်ရောဂါ ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့် လည်းကောင်း၊  မတရား ဖမ်းဆီးခံထားရသော ရခိုင်ဒေသအတွင်းနေ ပြည်သူလူထု အားလုံးနှင့် မြန်မာအစိုးရ အကျဉ်းထောင်များထံရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွှတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့ လွှတ်ပေးရခြင်းဖြစ်သည်ဟု လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly