တရုတ်က အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန် မဟာမိတ်များကို ဖယ်ရှားကာ ၂၀၄၉ ခုနှစ်၌ ကမ္ဘာပေါ်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွန်သွားရန် ရည်ရွယ်ထား

တရုတ်က အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန် မဟာမိတ်များကို ဖယ်ရှားကာ ၂၀၄၉ ခုနှစ်၌ ကမ္ဘာပေါ်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွန်သွားရန် ရည်ရွယ်ထား

တရုတ်က အမျိုးသားရေးမဟာဗျူဟာအားဖြင့် ၂၀၄၉ခုနှစ်တွင် “တရုတ် တဖန် အင်အားကြီးလာရေး” အတွက် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနှင့် အာဏာစက်ကို တန်းတူဖြစ်ရန် သို့မဟုတ် ကျော်သွားရန်အတွက် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်မဟာမိတ်များနှင့် လုံခြုံရေးမိတ်ဖက်များကို အပြောင်းအလဲ ပြုလုပ်ရန်နှင့် တရုတ်၏အာဏာရှင်စနစ်နှင့် အမျိုးသားအကျိုးစီးပွားအတွက် အကျိုးကျေးဇူးရှိစေမည့် နိုင်ငံတကာစနစ်ကို ပြန်လည်ပြင်ဆင်ရန် ရည်မှန်းထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ နိုဝင်ဘာ ၃ရက် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ မဟာဗျူဟာကို တရုတ်အာဏာစက် ချဲ့ထွင်ရန် အချိန်ကြာမြင့်စွာကတည်းက ကြိုးပမ်း အားထုတ်မှု တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်ဟု ပင်တဂွန်၏ ၂၀၂၁ခုနှစ် စစ်ရေးနှင့် လုံခြုံရေးဖွံ့ဖြိုး တိုးတက်မှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပါဝင်မှုဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်အစိုးရသည် ၎င်း၏ စီးပွားရေး တိုးတက် မှုကို တည်ငြိမ်စေရေး၊ လက်နက်ကိုင်တပ်ဖွဲ့များကို ခိုင်မာအားကောင်းလာစေရေးနှင့် ကမ္ဘာ့ရေးရာ များတွင် ပိုမိုခိုင်မာသောအခန်းကဏ္ဍမှ ပါဝင်လာမှုအပါအဝင် ယင်း၏ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆက်လက် ကြိုးပမ်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေရှည်နှင့် ရေတိုစီးပွားရေးလမ်းကြောင်းများကို တုံ့ပြန်ရန် တရုတ်ကွန်မြူနစ်ပါတီ(CCP)သည် စီးပွားရေးဗျူဟာအသစ်တစ်ခု သို့မဟုတ် "နည်းလမ်း ၂မျိုးဖြင့် ဆောင်ရွက်ခြင်း" ဟုခေါ်သော "ဖွံ့ဖြိုးတိုးတက်မှုပုံစံ" အသစ်တစ်ခုကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၏ မဟာဗျူဟာ ပြိုင်ဆိုင်မှုသည် အင်အားကြီးနိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုများနှင့် မတူသည့် နိုင်ငံရေးအတွေးအခေါ်စနစ်များ ထိပ်တိုက်တွေ့ မှုအဖြစ် ရှုမြင်သုံးသပ်ထားသည်။

မဟာဗျူဟာအတွက် အလားအလာရှိသော အတားအဆီးများ ဖန်တီးခြင်းဖြင့် တရုတ်ကို ထိန်းချုပ်ရန် အမေရိကန်က ပိုမိုသန္နိဌာန်ချထားသည်ဟု တရုတ်က ယူဆနေသည်။

ထို့ပြင် တရုတ်ခေါင်းဆောင်များသည် အကျိုးစီးပွားချင်း ထိတိုက်တွေ့နေသည့် နယ်ပယ်များတွင် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒများ ပိုမိုများလာနေသည်။

ကွန်မြူနစ်အစိုးရ၏ မဟာဗျူဟာသည် “တရုတ် တဖန် အင်အားကြီးလာခြင်း” ကို အကောင်အထည်ဖော်ရန် ရည်ရွယ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly