ရှင်ကျန်းပြည်နယ်ကို ဥပဒေနှင့်အညီအုပ်ချုပ်သည်ဟု ဆိုခြင်းသည် ပြက်လုံးတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦး ပြောကြား

ရှင်ကျန်းပြည်နယ်ကို ဥပဒေနှင့်အညီအုပ်ချုပ်သည်ဟု ဆိုခြင်းသည် ပြက်လုံးတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦး ပြောကြား

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ကို တရားဥပဒေနဲ့အညီ အုပ်ချုပ်သည်ဟု ပြောဆိုခြင်းသည် ပြက်လုံးတစ်ခုသာဖြစ်ကြောင်းနှင့် နယ်မြေရဲတပ်ဖွဲ့သည် သတ်မှတ်ခွဲတမ်းပြည့်အောင် ဖမ်းဆီးနေသည့် ခိုင်လုံသော သက်သေအထောက်အထားကို ပထမဆုံးအကြိမ်ရရှိခဲ့ကြောင်း တရုတ်-သြစတြေးလျ မူဝါဒရေးရာ လေ့လာသုံးသပ်သူ ဗစ်ကီရွှီကျုံးရှူ က ပြောသည်။

“တရားဥပဒေစိုးမိုးရေးအရာရှိတွေ အစိုးရမီဒီယာတွေမှာတော့ ကြွားလုံးတွေထုတ်နေပြီး လူမှုမီဒီယာပေါ်မှာတော့ သူတို့ကိုယ်တိုင်တောင် ဥပဒေတွေကို မလိုက်နာဘူးဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ကြွေးကြော်သံဆောင်ပုဒ်တွေ အထပ်ထပ်အခါခါ ဆိုနေပေမယ့် အရာရှိတွေ ကိုယ်တိုင်က ဥပဒေကိုလိုက်နာတာ သိပ်မရှိပါဘူး ။ ဒါဟာ ရာထူးအမြင့်ဆုံးအဆင့်တွေမှာ သူတော်ကောင်းယောင် ဆောင်မှုသာဖြစ်ပါတယ်” ဟု ရွှီကျုံးရှူ က RFA နှင့် တွေ့ဆုံမြေးခန်း၌ ပြောကြားခဲ့သည်။

တရုတ်ပါတီ-နိုင်ငံတော်စနစ်အတွင်းတွင် ဖြစ်ပေါ်နေသော လူမျိုးရေးခွဲခြားမှုဝါဒဆိုင်ရာ မယုံနိုင်လောက်သည့် အတိုင်းအတာတစ်ခုသာဖြစ်ကြောင်း ရွှီကျုံးရှူ ကဆိုသည်။

ရွှီကျုံးရှူ က “လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုက ဝီဂါလူငယ်တွေအတွက် အဓိပ္ပာယ်ရှိတဲ့ အလုပ်အကိုင်တွေ ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာနဲ့ ကျယ်ပြန့်တဲ့ တရုတ်လူ့အဖွဲ့အစည်းမှာ သူတို့တွေ ခွဲခြားဆက်ဆံခံရပုံတွေကို လေ့လာတွေ့ရှိခဲ့ပါတယ်။ တရုတ်အစိုးရက သူတို့ကို မယုံကြည်ဘူးဆိုတဲ့ အဲဒီလိုအချိန်မှာ ဝီဂါတွေ ဖိနှိပ်ခံရတာ အံ့ဩစရာတော့မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါမွေးရပ်မြေကို ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လို့ ခေါ်တာဟာ တကယ့်ကို ဟန်ဆောင်မှုတစ်ခုပါပဲ။ ဘယ်မှာလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ” ဟု ဆိုသည်။ လူများ၏ ခြေလှမ်းတိုင်းနှင့် စိတ်ခံစားချက်များကို စောင့်ကြည့်ရန် နယ်မြေကော်မတီများကို အာဏာများစွာပေးထားသည့် ယန္တရားအကြောင်းပြောဆိုလျက် လှုပ်ရှားမှုသည် အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကာလတွင် တရုတ်၌ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်လာကြောင်း ရွှီကျုံးရှူက RFA သို့ပြောသည်။

ရှီကျင့်ဖျင်လက်ထက်တွင် ယင်းကဲ့သို့ မူဝါဒအများအပြားကို နေရာတိုင်းတွင် ဆွေးနွေးပြီး ထုတ်ပြန်နေသည်ကို မြင်တွေ့ရကြောင်း၊ရှင်ကျန်းတွင်အသုံးပြုသည့် ဗျူရိုကရေစီဖွဲ့စည်းပုံ သို့မဟုတ် အုပ်ချုပ်မှုနည်းဗျူဟာသည် တရုတ်နိုင်ငံ၏အခြားဒေသများသို့ ပြန့်နှံ့သွားမည့် အန္တရာယ်ရှိနေကြောင်း၊ ရှင်ကျန်း သို့မဟုတ် ဝီဂါလူမျိုးများသည် ကျင့်ဝတ်ဆိုင်ရာအကျပ်အတည်းကြီးတစ်ခုအဖြစ် အသွင်ဆောင်သည်ဟု ကျန်ကမ္ဘာ့နိုင်ငံများက ထင်မြင်ယူဆပါက ထိုကျင့်ဝတ် ပြဿနာသည် အဆမတန်တိုးပွားလာမည်ဖြစ်ကာ ဖြစ်ပေါ်လာနိုင်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှန်းဆ၍ပင်မရနိုင်ကြောင်းရွှီကျုံးရှူက ကပြောသည်။

လွတ်လပ်၍ဘက်မလိုက်သော သြစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျု (ASPI) ၏ အစီရင်ခံစာသည် ရှင်ကျန်းရှိ ဝီဂါနှင့် အခြားတာကစ်လူနည်းစုများအပေါ် စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုများ ၂၀၁၄ ခုနှစ်ကတည်းက အရှိန်မြှင့်လာနေကြောင်းအထောက်အထားကိုတင်ပြသည့် နောက်ဆုံး စာတမ်းဖြစ်သည် RFA ၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly