ပုံမှန်မိုးရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေကောင်းတို့ကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ကုံကုမံများ ထွက်နှုန်းကောင်း

ပုံမှန်မိုးရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေကောင်းတို့ကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ကုံကုမံများ ထွက်နှုန်းကောင်း

မိုးရွာသွန်းချိန် မှန်ကန်ပြီး ရာသီဥတုကောင်းမွန်မှုတို့ကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ပူလဝါမာခရိုင်ရှိ ပမ်ပိုရီနယ်မြေတွင် ကုံကုမံ စိုက်ပျိုးမှုအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။

စိုက်ပျိုးရေးဌာန ညွန်ကြားရေးမှူး မိုဟာမက်အစ်ကဘယ်ချောင်ဒရီက “ကုံကုမံစိုက်ပျိုးတဲ့ သမိုင်းကြောင်းက နှစ်ပေါင်း ၅၀၀ ရှိပါပြီ။ ဒီနှစ်နွေဦးမှာတော့ မိုးရွာသွန်းမှု ကော်းမွန်ပြီး အမြစ်နေရာအထိ ရေငွေ့ရောက်တာကြောင့် စိုက်ပျိုးရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့မှာ အိန္ဒိယနိုင်ငံတကာ ကက်ရှ်မီးယား ကုံကုမံ ရောင်းဝယ်ရေး စင်တာရှိပြီး တောင်သူတွေကို လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ ကုံကုမံ ၁ ကီလိုဂရမ်ကို ရူပီး ၁၇၅၀၀၀ ကနေ ၂၂၈၀၀၀ အထိ ရောင်းချနိုင်အောင်လို့ ကူညီပေးနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကုံကုမံ တောင်သူတစ်ဦးဖြစ်သည့် ဇာဟစ်ဘာရှာက “မနှစ်ကနဲ့ ယှဉ်ရင်တော့ ဒီနှစ်က အထွက်ကောင်းပါတယ်။ စိုက်ပျိုးရေးကာလက အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ ဖြစ်ပြီး ရာသီဥတုကောင်းမွန်သလို မြေဆီလွှာလည်း စွတ်စိုတာကြောင့် အပင်တွေ ဖြစ်ထွန်းပါတယ်” ဟု ပြောကြားသည်။

အခြားတောင်သူတစ်ဦးဖြစ်သူ ဂျူနာအစ်က “ကုံကုမံက ဝယ်လိုအား ကောင်းပါတယ်။ ဈေးအရမ်းကြီးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနယ်မြေကို ‘ကုံကုမံ’ မြို့တော်လို့ လူသိများပါတယ်။ မိသားစု ကုံကုမံ စိုက်ပျိုးရေး လုပ်နေပါတယ်။ ဆေးဘက်ဝင်ပြီး အလှကုန်ပစ္စည်းတွေမှာလည်း အသုံးပြုပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly