ကက်ရှ်မီးယား နည်းပညာတက္ကသိုလ်တွင် အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာ သင်တန်း ပို့ချ

By India Blooms News Service
11 November 2021
ကက်ရှ်မီးယား နည်းပညာတက္ကသိုလ်တွင် အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာ သင်တန်း ပို့ချ

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ၏ ရှာအီ ကက်ရှ်မီးယား စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာတက္ကသိုလ် (SKUAST-K) ၏ စိုက်ပျိုးရေးအင်ဂျင်နီယာနှင့်နည်းပညာကောလိပ်တွင် စမတ်နည်းပညာ ကိရိယာသုံး စိုက်ပျိုးရေး (IoT for Smart Agriculture) အတွက် ရက်သတ္တပတ် ၂ ပတ်ကြာ သင်တန်းကို ပို့ချလျက်ရှိသည်။

ကမ္ဘာ့ဘဏ်၏ ICAR အဖွဲ့က ပံ့ပိုးထားသည့် SKUAST-K ၏ လုပ်ငန်းအဖွဲ့အစည်း တိုးတက်ရေးဆိုင်ရာ နိုင်ငံတော် စိုက်ပျိုးရေး အဆင့်မြင့်ပညာရေးစီမံကိန်း (NAHEP) ၏ အစီအစဉ်ဖြင့် Innovians နည်းပညာလုပ်ငန်းနှင့် ပူးပေါင်းကာ သင်တန်းကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ယင်းအစီအစဉ်များကို SKUAST-K ၏ ဒုတိယအဓိပတိ ပါမောက္ခဂျေပီ ရှာမာက ပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသားများ၊ သုတေသနပညာရှင်များ၊ အဆိုပါ တက္ကသိုလ်၏ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၂ ပတ်ကြာသင်တန်းကို တက်ရောက်ကြခြင်းဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတိုးတက်ပြောင်းလဲရေးအတွက် စမတ်နည်းပညာ ကိရိယာနယ်ပယ်ဆိုင်ရာ ဗဟုသုတများကို သင်တန်းတွင် ပို့ချသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly