ကလေးမြို့ ‘အထူးဆေးခန်း’တွင် အောက်ဆီဂျင်အိုးပေါက်ကွဲ၍ သိက္ခာတော်ရ ဆရာတော်နှင့် ဇနီးကွယ်လွန်

By ပါခွီး
11 November 2021
ကလေးမြို့ ‘အထူးဆေးခန်း’တွင် အောက်ဆီဂျင်အိုးပေါက်ကွဲ၍ သိက္ခာတော်ရ ဆရာတော်နှင့် ဇနီးကွယ်လွန်

နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ‘ဗက်သနီး( Bethany)အထူးဆေးခန်း’ တွင် အောက်ဆီဂျင်အိုး မတော်တဆပေါက်ကွဲခဲ့သည့်အတွက် သိက္ခာတော်ရဆရာတော်နှင့် ဇနီး ကွယ်လွန်ပြီး အနီးရှိ လူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံများမှ သိရသည်။

သေဆုံးသွားသူများမှာ EMC ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသော Rev. Dr Lalduhawma (၅၈)နှစ် နှင့် ဇနီးဖြစ်သူ Pi Rosiami (၆၅)နှစ်တို့ ဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၀ရက် ည ၈နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ခါတိုင်း ဒီအချိန်လောက်ဆို ဗုံးပေါက်တာတွေ ဖြစ်တတ်တော့ ဗုံးပေါက်တာလား၊ ထရန်စဖော်မာ ပေါက်တာလားလို့ပဲ ထင်မိတယ်။ နောက်မှ ဆေးရုံက အောက်ဆီဂျင်အိုးပေါက်မှန်း သိရတယ်” ဟု ဒေသခံတစ်ဦးက ပြာသည်။

အောက်ဆီဂျင်အိုး ပေါက်ကွဲမှုအပြီး တာဟန်းရပ်ကွက်နှင့် စမ်းမြို့တို့တွင် အချိန်ခဏကြာ မီးပြတ်တောက်သွားခဲ့‌ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly