သိန္နီမြို့ နယ်တွင် ကိုးကန့်တပ်ဖွဲ့နှင့် စကစတပ်တို့အကြားတိုက်ပွဲများဖြစ်ပွား

သိန္နီမြို့ နယ်တွင် ကိုးကန့်တပ်ဖွဲ့နှင့် စကစတပ်တို့အကြားတိုက်ပွဲများဖြစ်ပွား

နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ယနေ့ မနက် ၉ နာရီခန့်က စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။

MNDAA တပ်ဖွဲ့မှ သိန္နီ-လားရိူးပြည်ထောင်စုလမ်းမပေါ်ရှိ စကခ (၁၆) လက်အောက်ခံစစ်ကောင်စီတပ်များကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုဖြစ်ကြောင်း သိန္နှီဒေသခံများကပြောသည်။

"ခလရ (၆၉)၊ ခမရ (၃၂၃) တွေရှေ့မှာဗုံးအရင်ကွဲတယ်၊ဗုံးကွဲတော့တပ်ထဲကနေရမ်းပြီးပြန်ပစ်တယ်၊နောက်တော့ MNDAA ဘက်ကလက်နက်ကြီးနဲ့ ခမရ(၂၄၀) ကိုလက်နက်ကြီးနဲ့လှမ်းပစ်တာ၊ ပြောင်းဖူးခြံထဲကျသွားတယ်ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

နေ့ခင်း ၁၂နာရီဝန်းကျင်တွင်မူတိုက်ပွဲများပြန်လည်ငြိမ်သက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required