ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဓာတ်ဆီနှင့် ဒီဇယ်များအပေါ် ၁ လီတာလျှင် ၇ ရူပီး အခွန်လျှော့ချ

By India Blooms News Service
10 November 2021
ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဓာတ်ဆီနှင့် ဒီဇယ်များအပေါ် ၁ လီတာလျှင် ၇ ရူပီး အခွန်လျှော့ချ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဒုတိယအုပ်ချုပ်ရေးမှူး မနော့ဂျ ဆင်ဟာက ဓာတ်ဆီနှင့် ဒီဇယ်ရောင်းချမှုများအပေါ် ၁ လီတာလျှင် ၇ ရူပီးနှုန်း အခွန်လျှော့ချပေးလိုက်သည်။

“ဒီပါဝလီလက်ဆောင်အဖြစ် ဓာတ်ဆီနဲ့ ဒီဇယ်တွေအတွက် အခွန်နှုန်းတွေကို လျှော့ချကြောင်း ကြေညာအပ်ပါတယ်” ဟု ဒုတိယအုပ်ချုပ်ရေးမှူးက ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဘဏ္ဍာရေးဌာနကလည်း ရေနံဈေးနှုန်းများ လျှော့ချမှုကို အတည်ပြုသည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ဘဏ္ဍာရေးဌာနက အခွန်နှုန်းများကို ပြန်လည်ပြင်ခဲ့သလို ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဒေသခံများ အချိန်ကြာမြင့်စွာကပင် ဒေသခံများ တောင်းဆိုထားသည့်အတိုင်း လောင်စာဆီ ဈေးနှုန်းများကို လျှော့ချပေးခဲ့သည်။

ဘဏ္ဍာရေးဌာနအရာရှိ အက်တယ်ဒူလို ထုတ်ပြန်သည့် ကြေညာချက်အရ ဓာတ်ဆီအတွက် အခွန်ကို ၂၄ ရာခိုင်နှုန်း ကောက်ခံထားရာ တစ်လီတာလျှင် ၄ ဒသမ ၅ ရူပီး ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဒီဇယ်အတွက် အခွန်ကို ၁၆ ရာခိုင်နှုန်း ကောက်ခံထားရာ တစ်လီတာလျှင် ၆ ဒသမ ၅ ရူပြီး ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဈေးနှုန်းကျဆင်းမှုများကြောင့် ဓာတ်ဆီတစ်လီတာလျှင် ရင်းဂစ် ၁၀၀ နှင့်အထက်၊ ဒီဇယ် တစ်လီတာလျှင် ရင်းဂစ် ၉၀ ဝန်းကျင်သို့ ရောက်ရှိသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly