ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်းသစ်များကို အားပေး

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်းသစ်များကို အားပေး

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရလက်ထက်တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ပြည်ထောင်စုနယ်မြေ၌ စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်းသစ်များကို အားပေးဆောင်ရွက်ရန် ခိုင်မာသည့် နည်းပညာအခြေခံအစီအစဉ်သစ်များကို လုပ်ဆောင်နေကြောင်း သိပ္ပံနှင့် နည်းပညာ ပြည်ထောင်စုဝန်ကြီး ဂျီတန်ဒရာဆင်းက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားလိုက်သည်။

ယခင်အစိုးရများက ကက်ရှ်မီးယားတောင်ကြားအပါအဝင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လုပ်ငန်းသစ်များ ပေါ်ထွန်းရေးအတွက် ရည်ရွယ်ချက်ရှိစွာ ဟန့်တားခဲ့ခြင်းများကိုလည်း ဆင်းက ပြစ်တင်ရှုတ်ချခဲ့သည်။

“လူငယ်တွေကို လခစာအစိုးရအလုပ်တွေပေါ်မှာပဲ အမြဲတမ်းမှီခိုနေပြီး အဲဒီခေတ်က နိုင်ငံရေးသမားကြီးတွေ အနားမှာပဲ ကပ်နေအောင် လုပ်ဆောင်ခဲ့ကြတဲ့အတွက် ဒေသတွင်းမှာ စွန့်ဦးတီထွင်မှုနဲ့ ကိုယ်ပိုင် စီးပွားရေး ထူထောင်ဖို့ မလုပ်ခဲ့ကြပါဘူး” ဟုလည်းဆင်းက ပြောကြားသည်။

လုပ်ငန်းငယ်များအတွက် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန် ဝန်ကြီးချုပ် မိုဒီ၏ စွမ်းဆောင်မှုများကိုလည်း ဆင်းက ချီးမွမ်းခဲ့သည်။

လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ယခင်က စိုက်ပျိုးရေးအတွက် ရာသီဥတုနှင့် မိုးလေဝသအခြေအနေပြောင်းလဲမှုများအပေါ် များစွာ မှီခိုခဲ့ရသော်လည်း လာဗင်ဒါပန်း စိုက်ပျိုးရေးကဲ့သို့ ကဏ္ဍသစ်များကို ဂူလာမာ့ဂျ်ဝန်းကျင်ရှိ ကက်ရှ်မီးယားတောင်ကြားနှင့် ဂျမူးဒေသနှင့် ဒိုဒါနှင့် ရီယာဆီ ခရိုင်များတွင်လည်း အမြောက်အများ စမ်းသပ်စစ်ဆေးပြီး ဖြစ်သည်။

အစိုးရအလုပ်များထက် ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ကြရန်လည်း ဝန်ကြီး ဆင်းက တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် မည်သည့်အစိုးရကမှ လူငယ် ၁၀၀ ရာခိုင်နှုန်းအတွက် အလုပ်အကိုင်များ မပေးနိုင်သော်လည်း တာဝန်ယူမှုရှိ‌သော အစိုးရတစ်ရပ်က အသက်မွေးဝမ်းကြောင်းအလုပ်များ လုပ်ဆောင်နိုင်ရေးကို လုပ်ဆောင်ပေးကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required