ထိုင်ဝမ်ကို ကျူးကျာ်ရန် တရုတ်က စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နေဟု အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ပြောကြား

ထိုင်ဝမ်ကို ကျူးကျာ်ရန် တရုတ်က စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နေဟု အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ပြောကြား

တရုတ်နိုင်ငံသည် မကြာသေးမီကာလအတွင်း ထိုင်ဝမ်ကို ကျူးကျော်ရန် ယင်း၏ စွမ်းရည်တိုးတက်ရေးကို သိသာသာသာ လုပ်ဆောင်နေသည်ဟု အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦးက နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေးက ထိုင်ဝမ်အား ဖြစ်ပေါ်လာနိုင်သည့် တရုတ်၏ တိုက်ခိုက်ခြင်းမှ အမေရိကန်စစ်တပ်က လုံးဝ ကာကွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Aspen လုံခြုံရေးဖိုရမ်တွင် ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး မာ့ခ်မီလေးက တရုတ်က လာမည့် ၂၄ လအတွင်း ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို သိမ်းယူရန် မမျှော်လင့်ထားသော်လည်း ဖြစ်လာပါက၊ ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်တပ်ဖွဲ့များက အပြည့်အဝ စွမ်းဆောင်နိုင်ခြင်းအပေါ် မေးခွန်းထုတ် စရာမလိုကြောင်း ပြောကြားခဲ့သည်” ဟု The Hill က ဖော်ပြခဲ့သည်။

"အဝေးလှတဲ့ အနာဂတ်ကာလမှာ မဟုတ်နိုင်သေးပေမယ့် ခြောက်လ၊ ၁၂ လ၊ ၂၄ လအတွင်းလည်း ဖြစ်နိုင်ပါတယ် ဘာမဆို ဖြစ်လာနိုင်ပါတယ်" ဟု မာ့ခ်မီလေးက ပြောကြားခဲ့သည်။

“မဝေးတော့တဲ့ အနာဂတ်မှာလား၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။” ဟု သူက ထပ်လောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့်လများအတွင်း တရုတ်က ဆိုးသွမ်းသောနယ်မြေအဖြစ်ရှုမြင်သည့် ထိုင်ဝမ်ကျွန်းကို ဆန့်ကျင်သည့် ရန်စမှုများကို အရှိန်မြှင့်ခဲ့ပြီး အောက်တိုဘာလ၏ အစောပိုင်း ၄ ရက်အတွင်း ထိုင်ဝမ်လေကြောင်း သတ်မှတ် ဇုန် အတွင်းသို့ တရုတ်စစ်လေယာဉ်များ အကြိမ် ၁၅၀ ကျော် ကျူးကျော်ဝင်ရောက်လာခဲ့သည်။

ဝါရှင်တန်နှင့် ပေကျင်းကြား ဆက်ဆံရေး မကောင်းသည့်အချိန်တွင် ယင်းရန်လိုမှုသည် အရေးကြီးသော ပဋိပက္ခဖြစ်နိုင်သည့် အချက်တစ်ချက်ဖြစ်ပြီး ထိုင်ဝမ်နှင့် အမေရိကန် ထိပ်တန်းအရာရှိများက နောက်ဆုံး စစ်ရေးအရ ထိပ်တိုက်တွေ့မည်ကို စိုးရိမ်နေကြသည်။

ဒုံးပျံတည်ဆောက်မှုသည် အခြားသော "စပွတ်နစ်အခိုက်အတန့်ကာလ" နှင့် "လွန်စွာနီးစပ်သည်" ဟု ပြီးခဲ့သည့် သီတင်းပတ်က မာ့ခ်မီလီက ပြောကြားခဲ့ပြီး ယခုအခါ ကမ္ဘာကြီးသည် "ကမ္ဘာ့ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာ၏ အကြီးမားဆုံး အပြောင်းအလဲများထဲမှ တစ်ခုကို မျက်မြင်တွေ့နေရပြီဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly