ကမ္ဘာ့ မဟာဓာတ်အားလိုင်းများ ချိတ်ဆက်မည့် အစီအစဉ်ကို အိန္ဒိယနှင့် ဗြိတိန်တို့ ကြေညာ

By India Blooms News Service
08 November 2021
ကမ္ဘာ့ မဟာဓာတ်အားလိုင်းများ ချိတ်ဆက်မည့် အစီအစဉ်ကို အိန္ဒိယနှင့် ဗြိတိန်တို့ ကြေညာ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံပေါင်း ၁၄၀ နှင့် ချိတ်ဆက်မည့် နေရောင်စွမ်းအင် လျှပ်စစ်ဓာတ်အားလိုင်း အစီအစဉ် တစ်ခုဖြစ်သော ‘နေတစ်စင်း၊ တစ်ကမ္ဘာ၊ ဓာတ်အား တစ်လိုင်း’ ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အတူ စကော့တန်လန်နိုင်ငံ ဂလက်စဂိုးမြို့၌ ကျင်းပသည့် COP26 ဆွေးနွေးပွဲတွင် ကြေညာခဲ့ရာတွင် ကမ္ဘာအနှံ့ရောက်ရှိမည့် ဓာတ်အားလိုင်းသည် နေရာတိုင်း၊ အချိန်တိုင်းတွင် ရရှိနိုင်သည့် သန့်ရှင်းသော စွမ်းအင်အတွက် ပြည့်စုံကောင်းမွန်သည့် အဖြေတစ်ခုဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ ဆွေးနွေးပွဲ၏ ‘သန့်ရှင်းသောနည်းပညာဆန်းသစ်မှုကို တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် အသုံးချခြင်း’ အမည်ရှိ အစီအစဉ်၌ ပြောကြားသည့် မိန့်ခွန်းတွင် မိုဒီက အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ကမ္ဘာမြေပေါ်တွင် နေရောင်ခြည်စွမ်းအင် ရရှိလာနိုင်မည်အလားအလာ တိုင်းတာရာတွင် တွက်ချက်သည့် အပလီကေးရှင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယင်းအပလီကေးရှင်းက နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများ တည်ဆောက်ရမည့် နေရာကို ဆုံးဖြတ်ပေးမည်ဖြစ်ကာ ‘နေတစ်စင်း၊ တစ်ကမ္ဘာ၊ ဓာတ်အား တစ်လိုင်း’ အစီအစဉ်ကိုလည်း ခိုင်မာအားကောင်းစေမည်ဟု ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာကပင် စိတ်ကူးခဲ့သော ၎င်း၏ ‘နေတစ်စင်း၊ တစ်ကမ္ဘာ၊ ဓာတ်အား တစ်လိုင်း’ အစီအစဉ်သည် နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်မဟာမိတ်အဖွဲ့နှင့် ဗြိတိန်၏ အစိမ်းရောင်ဓာတ်အားလိုင်း အစီအစဉ်သစ်တို့၏ ပါဝင်ဆောင်ရွက်ပေးမှုတို့ကြောင့် ခိုင်မာပီပြင်လာပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required