ပါကစ္္စတန်ပိုင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသမြို့တော်၏ ရေအရင်းအမြစ် ၇၀ ရာခိုင်နှုန်းကျော် ညစ်ညမ်းမှု ဖြစ်နေ

By The International News
07 November 2021
ပါကစ္္စတန်ပိုင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသမြို့တော်၏ ရေအရင်းအမြစ် ၇၀ ရာခိုင်နှုန်းကျော် ညစ်ညမ်းမှု ဖြစ်နေ

ပါကစ္စတန်နိုင်ငံအတွင်းရှိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အာဇက်ခရိုင်၏ မူဇာဖာရာဘက်မြို့မှ သဘာဝ စမ်းချောင်း အများစု ဖြစ်သည့် သောက်ရေအရင်းအမြစ် ၇၀ ရာခိုင်နှုန်းကျော်သည် ဘက်တီးရီးယားပိုးမွှားများနှင့် ညစ်ညမ်းနေကြောင်း ပါကစ္စတန်နိုင်ငံ ရေအရင်းအမြစ်ဆိုင်ရာ သုတေနသကောင်စီ၏ မကြာသေးမီက လေ့လာတွေ့ရှိမှုကို ကိုးကား၍ ဒေသဆိုင်ရာအစိုးရနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ခါဝါဂျာဖာရွတ်ခ် အာမက်က ပြောကြားလိုက်သည်။

ရေကြောင့် ဖြစ်ပွားသည့် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ရေနှင့် သန့်ရှင်းမှုတိုးတက်ရေးအတွက် လုံလောက်သော ရန်ပုံငွေများကို အစိုးရက ခွဲဝေပေးသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

၂၀၀၅ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် ရေထုညစ်ညမ်းမှု ပြဿနာသည် အကြောင်း အမျိုးမျိုးကြောင့် ပိုမိုဆိုးရွားလာခဲ့သောကြောင့် အစိုးရအနေဖြင့် နိုင်ငံသားအားလုံးအတွက် ခွဲခြားမှုမရှိဘဲ ဘေးကင်းသန့်ရှင်းသည့် သောက်ရေရရှိစေရန် အထူးအလေးထားဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။

“အများပြည်သူ နေထိုင်တဲ့နေရာတွေမှာ ရေစစ်စက်တပ်ဆင်ခြင်းဟာ အထိရောက်ဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းတဲ့ သောက်ရေလုံလောက်စွာ ပေးခြင်းဖြင့် ရေကြောင့် ဖြစ်ပွားတဲ့ ရောဂါ မဖြစ်ပွားဘဲ ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးမှု မဖြစ်စေအောင် လူနေမှုဘဝ မြှင့်တင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ခရိုင်အစိုးရအနေဖြင့် ဝန်ကြီးချုပ် အီမရန်ခန်း၏ ခွင့်ပြုချက်ဖြင့် ရူပီး ဘီလျံ၅၀၀ ကုန်ကျမည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး စွန့်ပစ်အညစ်အကြေး စီမံခန့်ခွဲရေးနှင့် သန့်စင်ရေးအပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေးကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly