တရုတ်အပေါ် အလွန်မှီခိုနေရသော နိုင်ငံများအား ၂ ကြိမ်ပြန်စဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

တရုတ်အပေါ် အလွန်မှီခိုနေရသော နိုင်ငံများအား ၂ ကြိမ်ပြန်စဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဥရောပနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးအရ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုခြင်းမပြုမီ ထပ်မံစဉ်းစားရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုက်တွန်းလိုက်သည်။

" တရုတ်နိုင်ငံကို မှီခိုနေရတယ်လို့ ထင်ရင် အဲဒီနိုင်ငံခြားရေးမူဝါဒက အကျပ်ခံနေရပါပြီ" ဟု အမေရိကန်မှ ထောက်ပံ့ပေးထားသော Radio Free Europe နှင့် အောက်တိုဘာ ၂၇ ရက်က ပရာ့ဂ်မြို့တွင် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဝူက ပြောကြားခဲ့သည်။

" တရုတ်နိုင်ငံကို မှီခိုနေရတယ်လို့ ထင်ရင် သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် မူဝါဒတွေ၊ အပြုအမှုတွေကို သတိထားဖို့လိုနေပါပြီ မိမိရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မထိခိုက်စေချင်ဘူးဆိုပေါ့"

တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများ တိုးလာနေချိန်တွင် ဥရောပသမဂ္ဂက ထိုင်ဝမ်ကို ထောက်ခံကြောင်း ကတိပြု လိုက်ချိန်တွင် ယင်းပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂက ထိုင်ဝမ်ကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ဝူသည် ဥရောပသို့ အလည်အပတ်ခရီး စတင်ခဲ့သည်။

ဝန်ကြီး၏ ဥရောပခရီးစဉ်အတွင်း ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နယ်မြေချဲ့ထွင်မှုများ အပါအဝင် ဒါဇင်ပေါင်းများစွာသောကိစ္စရပ်များတွင် တရုတ်နိုင်ငံကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည့် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့နှင့်အတူ ဥရောပသမဂ္ဂက ပြတ်ပြတ်သားသား သတင်းစကားပေးပို့ခြင်းဖြစ်ကြောင်း တိုရွန်တိုအခြေစိုက် ပညာရှင်အဖွဲ့ IFFRAS က ပြောကြားခဲ့သည်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများက ဒေသတွင်းတွင် တရုတ်၏ ကြီးထွားလာနေသော စစ်ရေးကျူးကျော်မှုများကို ဝေဖန်ရှုတ်ချနေကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဥရောပသမဂ္ဂ၏ ဝင်ရောက်ဟန့်တားမှုသည် ထိုင်ဝမ်ကို သိမ်းပိုက်မည့် တရုတ်၏ ရည်မှန်းချက်အတွက် အတားအဆီး ဖြစ်စေခဲ့သည်ဟု ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာပြီးနောက် ဥရောပ၏ လုံခြုံရေးနှင့် သာယာဝပြောရေး အတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဥရောပကော်မရှင် အမှုဆောင် ဒုဥက္ကဌက လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly