အီသီယိုးပီးယားမှ ‘ဖြစ်နိုင်သမျှ’ အမြန် ထွက်ခွာရန် နိုင်ငံသားတွေကို အမေရိကန် တိုက်တွန်း 

အီသီယိုးပီးယားမှ ‘ဖြစ်နိုင်သမျှ’ အမြန် ထွက်ခွာရန် နိုင်ငံသားတွေကို အမေရိကန် တိုက်တွန်း 

နိုဝင်ဘာ ၆

အီသီယိုးပီးယားမှာ တီဂရေး သူပုန်တိုက်ခိုက်ရေးသမားတွေက မြို့တော် အက်ဒစ် အဘာဘားဆီ ချီတက်လာပြီဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်လာတာကြောင့် နိုင်ငံသားတွေအနေနဲ့ နှောင့်နှေးခြင်း မရှိဘဲ ဒီ နိုင်ငံကနေ ထွက်ခွာကြဖို့ အမေရိကန်က သောကြာနေ့မှာ တိုက်တွန်းလာပါတယ်။ 

“အီသီယိုးပီးယားက လုံခြုံရေးအခြေအနေဟာ အရမ်း အကဲဆတ်နေတယ်၊ အီသီယိုးပီးယားမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေဟာ ဖြစ်နိုင်သမျှ အမြန်ထွက်ခွာဖို့ အကြံပြုပါတယ်”ဆိုပြီး အီသီယိုးပီးယားရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားတာပါ။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အီသီယိုပီးယားဆီ မသွားကြဖို့နဲ့ ရောက်နေခဲ့ရင်လည်း ထွက်ခွာလာကြဖို့ နိုင်ငံသားတွေ ဒီ သီတင်းပတ်အစောပိုင်းမှာ သတိပေးထားတာလည်း ဖြစ်ပါတယ်။ 

အီသီယိုပီးယားနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ သူပုန်အုပ်စု ကိုးခုက ဝန်ကြီးချုပ် အက်ဘေး အာမတ် အစိုးရကို ဖြုတ်ချဖို့အတွက် ပူးပေါင်းပြီး တပ်အင်အား ပေါင်းစည်းမယ်လို့ သောကြာနေ့မှာ ပြောလာပါတယ်။ 

အစိုးရနဲ့ တစ်နှစ်ကြာ ထိပ်တိုက်ရင်ဆိုင်နေတဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေး ရှေ့တန်းတပ်နဲ့ ကိုရိုမို လွတ်မြောက်ရေး တပ်အပါအဝင် မဟာမိတ် ကိုးဖွဲ့ဟာ အမေရိကန်မှာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly