စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်းများ နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်/CDM ပြုလုပ်ကြရန် YDF ထီးလင်း သတိပေး

စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်းများ နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်/CDM ပြုလုပ်ကြရန် YDF ထီးလင်း သတိပေး

နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ လာမည့် နိုဝင်ဘာလ ၇ ရက် နောက်ဆုံးထားပြီး နုတ်ထွက် သို့မဟုတ် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM ) ပြုလုပ်ရန် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း)-YDF ထီးလင်းက သတိပေးထုတ်ပြန်ထားသည်။

YDF ထီးလင်း က နိုဝင်ဘာလ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး သတိပေးချက်ကို မလိုက်နာသည့် ဝန်ထမ်းများကို ထိုက်သင့်သလို အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

“CDM ပြုလုပ်မည့် ဝန်ထမ်းများအနေဖြင့် ဌာနတစ်ခုချင်းစီအလိုက် စာရင်းပြုစုပြီး Yaw Eagle Page သို့ ပေးပို့ကြပါရန် အသိပေးအပ်ပါသည်” ဟု YDFထီးလင်း က အသိပေးထားသည်။

YDF ထီးလင်း အနေဖြင့် စစ်အာဏာရှင် ဖြုတ်ချရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး CDM ဝန်ထမ်းများကို ကာကွယ်ခြင်း၊ CDM ဝန်ထမ်းများကို ဖိအားပေးနေသော အထက်အရာရှိများနှင့် ရုံးဝန်ထမ်းများအား အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း YDFထီးလင်း က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required