ပါကစ္စတန် အစ္စလမ်မာဘတ်မြို့တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ

ပါကစ္စတန် အစ္စလမ်မာဘတ်မြို့တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့ရှိ လူနေတိုက်ခန်းအိမ်ရာတစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခုကြောင့် ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးများအပါအဝင် အခြားလူလေးဦး အပြင်းအထန် ဒဏ်ရာများ ရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ARY News က အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြသည်။ ဒဏ်ရာရသူများကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

သေဆုံးသွားသူ၏အမည်မှာ ရှာ ဂျဟန် ဆိုသူ ဖြစ်ကြောင်း ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

ယင်းဖြစ်စဥ်အပြင် ကရာချိမြို့ နာဇီမာဘတ် ဧရိယာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က ဓာတ်ဆီဆိုင်တစ်ဆိုင်အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူလေးဦး သေဆုံးကာ အခြားခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကနဦးသတင်းများအရ ပေါက်ကွဲမှုကြောင့် နာဇီမာဘတ်တွင် တည်ရှိသည့် ပညာရေးဘုတ်အဖွဲ့ရုံးအနီး လူ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး လေးဦးသည် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု ARY News က ဖော်ပြသည်။

ထို့ပြင် ဒဏ်ရာရသူငါးဦးသည် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟု ဆေးရုံသတင်းရင်းမြစ်များက ပြောကြောင်း ယင်းက ထပ်မံထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly