အင်ဒို-ပစိဖိတ်ဒေသရှိ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို လေးနက်စွာဖြင့် လက်ခံဟု အိန္ဒိယ ပြော

By Zee5
05 November 2021
အင်ဒို-ပစိဖိတ်ဒေသရှိ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို လေးနက်စွာဖြင့် လက်ခံဟု အိန္ဒိယ ပြော

အိန္ဒိယနိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၌ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အလွန်လေးနက်စွာဖြင့် လက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ပြောကြားလိုက်သည်။ ထို့ပြင် ကမ္ဘာ့စီးပွားရေးကို ဒီမိုကရေစီ ကျင့်သုံးမှုကို ထောက်ခံအားပေးရန် ကမ္ဘာကြီးအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ထပ်တိုးအင်ဂျင်များ လိုကြောင်း ၎င်းက အလေးပေး ပြောခဲ့သည်။

အိန္ဒိယနှင့် အမေရိကန်တို့ ပူးတွဲပြီး ကမကထပြု ကျင်းပသည့် အင်ဒို-ပစိဖိတ် ဖိုရမ်၏ စတုတ္ထမြောက် အစီအစဥ်၌ အွန်လိုင်းကနေတဆင့် ပြောကြားရာတွင် ဂျိုင်ရှန်ကာက အင်ဒို-ပစိဖိတ်ဒေသသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ လက်တွေ့အခြေအနေကို ထင်ဟပ်နေသည်ဟု ပြောခဲ့သည်။

"ဒါက အစီအစဥ်လုပ်ဆောင်ချက်တွေအရပဲဖြစ်ဖြစ် ဒါမှမဟုတ် ဖြေရှင်းချက်နည်းလမ်းတွေအရပဲဖြစ်ဖြစ် အိန္ဒိယဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို အင်မတန် အလေးအနက်ထားပြီး လက်ခံတယ် ဆိုတာကို ခင်ဗျားတို့အနေနဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

အင်ဒို-ပစိဖိတ် သမုဒ္ဒရာ အစီအစဥ်လုပ်ဆောင်ချက် သို့မဟုတ် လက်တွေ့အားဖြင့် quad ဖွဲ့စည်းမှုပုံစံကနေတဆင့် လုပ်ဆောင်ခဲ့သည့် ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့တွင် နယူးဒေလီ၏ ကြိုးပမ်းအားထုတ်မှုများကို တွေ့မြင်နိုင်သည်ဟု ၎င်းက ပြောသည်။

ယခု အခမ်းအနားသည် အင်ဒို-ပစိဖိတ်ဒေသအပေါ် နှင်းအပ်သည့် အရေးပါမှုနှင့် ဒေသမှ ကမ်းလှမ်းပေးသော အလားအလာနှင့် အခွင့်အလမ်းများကို ထင်ဟပ်နေကြောင်းနှင့် အခမ်းအနားသည် ယခုနှစ်အတွင်း ဒုတိယမြောက် ယင်းကဲ့သို့သော အခမ်းအနားတစ်ခုဖြစ်ကြောင်း ဂျိုင်ရှန်ကာက ပြောသည်။

"ဒီနေ့မှာဆိုရင် အင်ဒို-ပစိဖိတ်ဒေသဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ လက်တွေ့အခြေအနေ၊ နိုင်ငံစုံ ပါဝင်မှု ထွက်ပေါ်လာမှုနဲ့ ပြန်လည်ဟန်ချက်ထိန်းမှုရဲ့ အကျိုးကျေးဇူးတွေကို ထင်ဟပ်နေပါတယ်" ဟု ဂျိုင်ရှန်ကာက အလေးပေး ပြောသည်။

ဒေသအတွက် ဘုံ စည်းမျဥ်းများ အခြေပြုသည့် စနစ်တစ်ခုနှင့် ညှိနှိုင်းဆွေးနွေးမှုများကနေတဆင့် မိမိတို့အနေဖြင့် "ဘုံ ကြီးပွားချမ်းသာမှုနှင့် လုံခြုံမှု" ကို ဖြစ်ပေါ်ရရှိနိုင်ရေး လုပ်ဆောင်ရန် လိုအပ်သည်ဟု အိန္ဒိယဘက်က ယုံကြည်သည်ဟု ၎င်းက ပြောသည်။ ဤရည်မှန်းချက်များကို ရှေ့ဆက်တက်လှမ်းနိုင်ရန်အတွက် အိန္ဒိယအနေဖြင့် အင်ဒို-ပစိဖိတ် ဖိုရမ်၏ စတုတ္ထမြောက် အစီအစဥ်ကို ပူးတွဲကမကထပြု ကျင်းပခွင့်ရသည့်အပေါ် ဝမ်းမြောက်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်၊ ပွင့်လင်းပြီး အားလုံးပါဝင်သည့် ဒေသတစ်ခုအဖြစ် နယူးဒေလီဘက်က ရှုမြင်ကြောင်း အလေးပေးပြောရင်း တိုးတက်မှုနှင့် ကြီးပွားချမ်းသာမှုကို အတူတကွ ရှာဖွေရန် အားလုံးကို လက်ခံပွေ့ဖက်သင့်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

ယင်းကဲ့သို့သော စနစ်တစ်ခုအရ နိုင်ငံအားလုံး၏ အချုပ်အချာအာဏာ၊ နယ်နိမိတ်ဆိုင်ရာ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံတကာ ဥပဒေနှင့် သာတူညီမျှ ရှိမှုတို့ကို လေးစားလိုက်နာရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

India takes opportunities, challenges in Indo-Pacific very

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly