သာကေတတွင် မဘသ အဖွဲ့ဝင် ၂ဦး အပစ်ခံရပြီး ၁ဦး သေဆုံး

သာကေတတွင် မဘသ အဖွဲ့ဝင် ၂ဦး အပစ်ခံရပြီး ၁ဦး သေဆုံး

နိုဝင်ဘာ ၂

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် သတင်းပေးဒလန်ဟု နာမည်ထွက်နေသည့် မဘသအဖွဲ့ဝင်နှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်‌‌နေ့ နိုဝင်ဘာ ၁ ရက်‌နေ့ ညပိုင်းက သာကေတမြို့နယ်၊ (၇)ရပ်ကွက် ဓမ္မာရုံအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ ဓမ္မာရုံအတွင်းရေးမှူး ကိုအောင်ကြီးဆိုသူဖြစ်ကာ ဒဏ်ရာရရှိသူမှာ ကိုဝူရှူး ဆိုသူဖြစ်သည်။

"အောင်ကြီးကတော့ သေသွားတယ်။ ဝူရှုးဆိုတဲ့သူက ဒဏ်ရာရတယ်။ ဆေးရုံကိုသယ်သွားတာတွေ့တယ်။ သူတို့က မဘသအဖွဲ့ဝင်တွေ။ ဝူရှုးက အရင်တုန်းက အမျိုး၊ ဘာသာ၊ သာသနာ ထောက်ခံပွဲတွေ လိုက်တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ကိုအောင်ကြီးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required