ပုလဲမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရဲမှူးအပါအဝင် ရဲများ ဒဏ်ရာရ

ပုလဲမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရဲမှူးအပါအဝင် ရဲများ ဒဏ်ရာရ

နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းနှင့် နွယ်ရှောက်ရွာကြား ဖွံ့ဖြိုးရေးလမ်းမပေါ်၌ ယမန်နေ့ နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီတွင် ရဲကားတစ်စီးနှင့် ရဲဆိုင်ကယ် သုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု Pale PDF-Headquarters အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲမှူး အပါအဝင် ရဲအများအပြား ဒဏ်ရာရပြီး တစ်ဦး သေဆုံး သွားသည်ဟု ၎င်းက ပြောသည်။

"ဒလန်အိမ်ကို ခဲ(ဂဲ) နဲ့ ပေါက်လို့ဆိုပြီး သူတို့က ရဲခေါ်လိုက်တာ။ သူတို့အပြန်ကို စောင့်ပြီး ခွဲလိုက်တာ။ ကားထဲမှာ ပုလဲမြို့နယ် ရဲမှူးလည်း ပါတယ်။ မိုင်းကတော့ ထောင်ထားတာ တော်တော်များတယ်။ နှစ်လုံးတော့ ကွဲသွားတယ်"ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

ပေါက်ကွဲမှုဖြစ်ရာ နေရာသည် ပုလဲမြို့နှင့် တစ်မိုင်ခန့်သာဝေးပြီး ရဲတပ်ဖွဲ့ဘက်မှ မြို့နယ်ရဲစခန်းကို တပ်ကူ ခေါ်ကာ သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly