သရုပ်​ဆောင် ပိုင်ဖြိုးသုအား မိဘများမှ အ​မွေပြတ်စွန့်လွှတ်​

By ဂန္ဒမာ
02 November 2021
သရုပ်​ဆောင် ပိုင်ဖြိုးသုအား မိဘများမှ အ​မွေပြတ်စွန့်လွှတ်​

နိုဝင်ဘာ ၁

သရုပ်ဆောင် ပိုင်ဖြိုးသုအား မိဘများက အမွေပြတ်စွန့်လွှတ်လိုက်ကြောင်း နိုဝင်ဘာ ၁ရက်ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ကြေညာထားသည်ကို တွေ့ရသည်။

အဆိုပါ ကြေညာချက်တွင် "ဦးစိုးဝင်းနှင့် ဒေါ်နွယ်ဦးတို့​၏ သမီးဖြစ်သူ မပိုင်ဖြိုးသု[၁၂/အစန (နိုင်) ၁၈၈၉၇၁]သည် မိဘများ​၏ ဆိုဆုံးမမှုကို မနာခံဘဲ မိဘများ စိတ်ဆင်းရဲစေသော ကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါပြုလုပ်ခဲ့ပါသဖြင့် ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ပါကြောင်းနှင့် ​နောက်​နောင် ၎င်းနှင့် ပတ်သက်​သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်းအများသိ​စေရန်​ကြေညာအပ်ပါသည်" ဟုပါရှိသည်။

သရုပ်ဆောင် ပိုင်ဖြိုးသုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူ တသားတည်းရပ်တည်ပြီး ဆန္ဒပြပွဲများ၌​တောက်​လျှောက်ပါဝင်ခဲ့ခြင်းကြောင့် စစ်ကောင်စီမှ နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅-က ဖြင့် ဧပြီလမှစတင်ကာ ဖမ်းဝရမ်းထုတ်တရားစွဲဆိုခဲ့ရာ လက်ရှိအချိန်ထိလွတ်​မြောက်ရာ​​ဒေသတစ်ခုသို့ ရှောင်တိမ်း​နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly