မအူပင်မြို့ စည်ပင်ရုံးရှေ့ ဗုံးပေါက်

မအူပင်မြို့ စည်ပင်ရုံးရှေ့ ဗုံးပေါက်

နိုဝင်ဘာ ၁

ဧရာဝတီတိုင်း၊ မအူပင်မြို့ ၊ စည်ပင်လမ်းနှင့် မင်းလမ်းထောင့်ရှိ မြို့နယ်စည်ပင်ရုံးရှေ့၌ ယနေ့ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖောက်ခွဲမှုကို မအူပင် PDF အဖွဲ့၏ အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သော "မဟူရာ ငန်းနက်" အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မအူပင် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

" စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ ဗုံးက နှစ်လုံးစီစဥ်ထားတာဆိုပေမဲ့ တစ်လုံး ပေါက်ပါတယ်။ ဒဏ်ရာ ရရှိတဲ့သူ မရှိပါဘူး။ ဆက်လက်ပြီး စစ်အုပ်စုနဲ့ ပတ်သက်တာတွေကို တိုက်ခိုက် သွားမှာပါ"ဟု ၎င်းက ဆိုသည်။

ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဖြစ်ပွားရာ စည်ပင်ရုံးရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly