အိန္ဒိယပြည်ထဲရေးဝန်ကြီး ဆရီနဂါမြို့၏ ရှီကာရာပွဲတော် ပါဝင်ဆင်နွှဲ

By Daily Excelsior
01 November 2021
အိန္ဒိယပြည်ထဲရေးဝန်ကြီး ဆရီနဂါမြို့၏ ရှီကာရာပွဲတော် ပါဝင်ဆင်နွှဲ

အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ ဆရီနဂါမြို့ ဒယ်လိတ်ခ်တွင် ကျင်းပသည့် ရှီကာရာပွဲတော်ကို အောက်တိုဘာ ၂၅ ရက်က ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး မနော့ဆင်ဟာ၊ ပြည်ထောင်စုဝန်ကြီး ဂျီတန်ဒရာဆင်းတို့နှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ်၊ဩဂုတ်လအတွင်းက ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်အတန်း သတ်မှတ်ထားသည့် ပုဒ်မ ၃၇၀ ဖျက်သိမ်းပြီးနောက်ပိုင်း အဆိုပါဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ၃ ရက်ကြာခရီး ရောက်ရှိခြင်းဖြစ်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်သမားများက အရပ်သားများကို တိုက်ခိုက်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိနေချိန်တွင် ပြည်ထဲရေးဝန်ကြီးက ယခုခရီးစဉ်ကို သွားရောက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly