ပညာရေးနှင့် ပတ်သက်သည့် သရော်စာ စတေကာကမ်ပိန်း YBS ကားများပေါ်တွင် ပြုလုပ်

ပညာရေးနှင့် ပတ်သက်သည့် သရော်စာ စတေကာကမ်ပိန်း YBS ကားများပေါ်တွင် ပြုလုပ်

နိုဝင်ဘာ ၁

စစ်ကောင်စီက ကျောင်းများ ပြန်လည်ဖွင့်လှစ်မှု အပေါ် ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ယာဉ်များပေါ်တွင် စတေကာ ကမ်ပိန်း ကို အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့၌ နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီက ယနေ့ နိုဝင်ဘာ ၁ ရက်တွင် အခြေခံပညာအဆင့် စာသင်ကျောင်းများအပါအဝင် ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

သရော်စာ စတေကာကမ်ပိန်းတွင် “ Education အစား ကျက်ကျူးကေးရှင်း”၊ “လေးပုဒ်ဖြေ ခြောက်ပုဒ်ကျက်”၊ “ ဆေးကျောင်းတက်ပြီး ဆေးဆိုင်ဖွင့်” ၊ “ စာကြည့်တိုက် ဖုန်တက်” ၊ “ SEX EDUCATION သင်ရင် လင်စောစောရကုန်မယ်”၊ “ ကန်တော့ ပြီးရင် ခုံနံပါတ်ပေး”၊ “ ပါတိတ် ပါတိတ်” စသည့် သရော်စာ ရေးထားသော စတေကာများကို YBS ယာဉ်ပေါ်ရှိ ထိုင်ခုံနောက်ကျောဘက်တွင်ကပ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် “TOGETHER WE FIGHT” ဆိုသည့် ညီညွတ်ရေး အသွင်ဆောင်သော စတေကာများကိုလည်း ကပ်ခဲ့ကြသည်။

စစ်ကောင်စီက အခြေခံပညာအဆင့်ကျောင်းများပြန်လည်ဖွင့်လှစ်မည့်အပေါ် ညီနောင် မဟာမိတ် အခြေခံပညာ ကျောင်းသားသမဂ္ဂ ၄၇ ဖွဲ့တို့က သပိတ်မှောက်ကြောင်း အောက်တိုဘာ ၃၀ရက်တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly