ဝမ်းတွင်းမြို့နယ်၊ ကျင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီဖျက်ဆီး၊ ပစ္စည်းများ ယူသွားဟု ဒေသခံများပြော

ဝမ်းတွင်းမြို့နယ်၊ ကျင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီဖျက်ဆီး၊ ပစ္စည်းများ ယူသွားဟု ဒေသခံများပြော

အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီ တပ်များက ယနေ့ အောက်တိုဘာ ၃၀ ရက် မနက် ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် ဝင်ရောက် ဖျက်ဆီးကာ အဖိုးတန် ပစ္စည်းများ ယူသွားသည်ဟု ဒေသခံများက ပြောသည်။

ဗိုလ်မှူးတေဇာဖြိုး ဦး‌ဆောင်သည့် စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်သည် စစ်ကား ၁၀ စီး ခန့်ဖြင့် ကျင်းကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်ကာ နေအိမ် ခုနှစ်အိမ်ကို ဖျက်ဆီး၍ ပစ္စည်းများ ယူသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

“PDF အိမ်တွေလို့ စွပ်စွဲပြီးတော့ ဝင်ပြီးတော့ ဖျက်ဆီးတာ။ အိမ်ပေါ်မှာ အကုန်ရှာတယ်။ အဖိုးတန် ပစ္စည်းတွေ အကုန်ယူသွားတယ်။ အဝတ်အစား အကောင်းတွေလည်း အကုန်ယူတာ။ လူတွေတော့ ဖမ်းမသွားဘူး။ အကုန်ကြောက်ပြီး ထွက်ပြေးကြတယ်။ ဗိုလ်မှူး တေဇာဖြိုး ဦးဆောင်တဲ့ အဖွဲ့ပဲ။ သူက အရင်ထဲက ရွာကို သိပ်ကြည်တာ မဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

နေအိမ် တံခါးများကို ရိုက်ချိုး ဖျက်ဆီးခဲ့သည့်အပြင် အိမ်များအတွင်းရှိ သယ်ယူရန် မလွယ်သော ပရိဘောဂ ပစ္စည်းများကိုပါ ရိုက်ချိုး ဖျက်ဆီးသွားသည်ဟု ဒေသခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly