အိန္ဒိယပြည်ထဲရေးဝန်ကြီး ဂျမူးနှင့် ကက်ရှ်မီးယားဒေသ လူငယ်အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီး အကူအညီမျးပေးမည်ဟု ကတိပြု

By Kashmir News Service
30 October 2021
အိန္ဒိယပြည်ထဲရေးဝန်ကြီး ဂျမူးနှင့် ကက်ရှ်မီးယားဒေသ လူငယ်အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီး အကူအညီမျးပေးမည်ဟု ကတိပြု

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဆီရီနာဂါမြို့တွင် ရောက်ရှိနေသည့် ပြည်ထဲရေးဝန်ကြီး အာမစ်ရှာဟာသည် အောက်တိုဘာ ၂၅ ရက်က အလုပ်သမားပါတီ ဥက္ကဌ မီအာဂျူနာအစ်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မီအာက အိန္ဒိယအစိုးရအနေဖြင့်၂၀၁၉ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်သတ်မှတ်ထားသည့် ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းလိုက်ခြင်းအပေါ် ဂုဏ်ယူကြောင်းနှင့် ကက်ရှ်မီးယားဒေသတွင် လှည့်စား လိမ်ညာမှုများ ကြီးစိုးသည့် အမှောင်ညများမှ လွန်မြောက်သည့် အရုဏ်ဦးအဖြစ် တင်စားပြောကြားခဲ့သည်။

ကက်ရှ်မီးယားဒေသအနေဖြင့် ရယူသူအဖြစ်မှ ပေးကမ်းသူအဖြစ်သို့ ပြောင်းလဲနိုင်ရန် ခေတ်ပြိုင်အတွေး အခေါ်များဖြစ်သော လွတ်လပ်၍ ကမ္ဘာ့အမြင်များကို အခြေခံသည့် အပြုသဘောဆောင်သည့် လူနေမှုပုံစံရှိရန် လိုအပ်ကြောင်း၊ အကြမ်းဖက်သမားများက ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို စီးပွားရေး မတိုးတက်စေလိုကြောင်း၊ အကြမ်းဖက်ဝါဒကို ဦးစားပေး တိုက်ဖျက်ရန် လိုအပ်ကြောင်း မီအာက ပြောကြားခဲ့သည်။

ကက်ရှ်မီးယားတွင် ပါကစ္စတန်ဘက်သားများ၏ ပုပ်သင်ညိုကဲ့သို့ အရောင်ပြောင်းသည့် မျက်နှာကို ကက်ရှ်မီးယား ဒေသခံများက သိရှိလာပြီဖြစ်ကြောင်း ၎င်းတို့သည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ပျက်သုဉ်းရေးတွင် တာဝန်ရှိသူများသာ ဖြစ်သည်ဟု ဒေသခံများက ပြောလိမ့်မည်ဟု မီယာက ပြောသည်။

လူငယ်ရေးရာ ဖိုရမ်များကို ပိုမိုလုပ်ဆောင်သွားမည့် ပြည်ထဲရေးဝန်ကြီး၏ ရည်ရွယ်ချက်ကိုလည်း ချီးမွမ်းခဲ့သည့်အပြင် နိုင်ငံ၏ အသွေးအသားများဖြစ်သော လူငယ်များကို ပြုစုပျိုးထောင်မှသာ နိုင်ငံတိုးတက်မည်ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

မီအာကဲ့သို့ပြည်သူများသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ အနာဂတ်များဖြစ်ကြပြီး လိုအပ်သည့် ပံ့ပိုးမှုအားလုံးကို ပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးက တွေ့ဆုံပွဲတွင် ပြန်လည်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly