ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဆိုင်ကယ်တာဝေးစီးခရီး ဒုတိယအဆင့် စတင်

By Daily Sikh
30 October 2021
ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဆိုင်ကယ်တာဝေးစီးခရီး ဒုတိယအဆင့် စတင်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဆရီနာဂါမြို့ရှိ Project Beacon အစီအစဉ်၏ အင်ဂျင်နီယာချုပ် အိုင်ကေဂျက်ဂီသည် နယ်စပ်လမ်းမအဖွဲ့ (BRO) ၏ ဆိုင်ကယ်တာဝေးစီးခရီး၏ ဒုတိယအဆင့်ကို အောက်တိုဘာ ၂၅ ရက်က စတင်ဖွင့်လှစ်ပေးလိုက်သည်။

“ခရီးစဉ်၏ ဒုတိယအဆင့်ကို ဆရီနဂါမြို့ရှိ Beacon ရုံးချုပ်တွင် စတင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် ပြုလုပ်ခြင်း ဖြစ်သည်” ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါခရီးစဉ်၏ ပထမအဆင့်ကို ကာကွယ်ရေးဝန်ကြီး ရာဂျာနက်ဆင်းက အောက်တိုဘာ ၁၄ ရက်က နို်ငငံတော်စစ်ဗိမာန်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီး ဆရီနဂါမြို့တွင် စတင်သည့် ယခုဒုတိယအဆင့်ခရီးစဉ်သည် ကီလိုမီတာ ၂၅၀၀ ရှည်လလျားက ဆီလီဂူရီမြို့တွင် နိုဝင်ဘာ ၄ ရက်၌ ပြီးဆုံးမည်ဖြစ်သည်။

“ဆိုင်ကယ်စီးအဖွဲ့အနေဖြင့် နိုင်ငံ၏ ဒေသအသီးသီးရှိ ပြည်သူများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် နိုင်ငံတော် စည်းလုံးရေးအတွက် သတင်းစကားများကို ဖြန့်ဝေသွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါခရီးစဉ်တစ်လျှောက်တွင် ပြည်သူများနှင့် တွေ့ဆုံမည့်အစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

“ယခုဆိုင်ကယ်တာဝေးခရီးစဉ်ကာလအတွင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသ လမ်းအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးနှင့် အစွန်အဖျားနယ်မြေများနှင့် ချိတ်ဆက်မှု ကောင်းမွန်စေရေးတို့အတွက် Project Beacon ၏ အစီအစဉ်များကို ပြောကြားခဲ့သလို မိမိတို့၏ စီမံကိန်းသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ အဓိက အခန်းကဏ္ဍတွင် ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly