တရုတ်ဆိပ်ကမ်းများတွင် ကုန်သေတ္တာများ ပြည့်ကျပ်နေမှုကြောင့် မွန်ဂိုလီးယား ကုန်သွယ်သွယ်ရေး အနှောင့်အယှက်ဖြစ်

By Sify
30 October 2021
တရုတ်ဆိပ်ကမ်းများတွင် ကုန်သေတ္တာများ ပြည့်ကျပ်နေမှုကြောင့် မွန်ဂိုလီးယား ကုန်သွယ်သွယ်ရေး အနှောင့်အယှက်ဖြစ်

တရုတ်နိုင်ငံ၏ ကုန်စည်ပို့ဆောင်သော အဓိကဆိပ်ကမ်းမြို့များတွင် ပြည့်ကျပ်ပိတ်ဆို့မှု ကြီးမားစွာ ဖြစ်ပေါ်နေသော ကြောင့်မွန်ဂိုလီးယားသို့ ကုန်ပစ္စည်း တင်ပို့မှုနှင့်ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေလျက်ရှိသည်။

မွန်ဂိုလီးယားသည် ကုန်သွယ်မှုလုပ်ဆောင်ရန် တရုတ်-မွန်ဂိုလီးယားနယ်စပ်၌ရှိသော ဆိပ်ကမ်းများ အထူးသဖြင့် တီယန်ကျင်းနှင့်ဒါလီယန်ဆိပ်ကမ်းများအပါအဝင် အာရင်ဟော့ကုန်းတွင်းဆိပ်ကမ်းတို့ကို အဓိက အာထားနေရသည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားသည် အခြားနိုင်ငံများနှင့် စီးပွားရေးကုန်သွယ်မှုများ၊ ထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန် တရုတ်ဆိပ်ကမ်းများကို အထူးအားထားနေရသည်။

လက်ရှိအချိန်တွင် တီယန်ကျင်း၌ ကွန်တိန်နာ ၄၃၇၈လုံး စုပုံနေသည့်အတွက် ကွန်တိန်နာငှားရမ်းခနှင့် သိုလှောင်ခအသုံးစရိတ်များ ထပ်မံလိုအပ်လာကာ မွန်ဂိုလီးယားအတွက် ကုန်ကျစရိတ်တိုးလာပြီး အထူးသဖြင့် တီယန်ကျင်းဆိပ်ကမ်းရှိ ရှည်လျားကြန့်ကြာသော ကုန်စည်ပြည့်ကျပ်ပိတ်ဆို့မှုသည် မွန်ဂိုလီးယားအတွက် ပြဿနာများစွာ ဖြစ်စေခဲ့သည်။

ငှားရမ်းခကုန်ကျစရိတ်သည် တစ်နေ့လျှင်အမေရိကန်ဒေါ်လာ၁၀မှ၅၀အထိ မြင့်တက်ခဲ့သည်ဟု NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mongolian Association of United Cargo and Freight ၏ အမှုဆောင်အရာရှိချုပ်အိုဒါဗားဆူရင်က ပြောကြားသည်။ ထို့ပြင် မွန်ဂိုလီးယားသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သလို ကုန်းတွင်းပိတ်နိုင်ငံဖြစ်သောကြောင့် အခြားနိုင်ငံများနှင့်ယှဉ်ပါက သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားသည်။

ဒါဗားဆူရင်၏အဆိုအရ တီယန်ကျင်းဆိပ်ကမ်းတွင်ခန့် မှန်းခြေအားဖြင့် ကွန်တိန်နာပေါင်း၄၀၀၀ခန့် ပိတ်မိနေပြီး ဧပြီလကတည်းက မရွှေ့ရသေးပေ။ ဂျပန်၊ကိုရီးယား၊တူရကီနှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများမှ မွန်ဂိုလီးယားသို့သွားသော ကုန်စည်အများစုသည် တီယန်ကျင်းဆိပ်ကမ်းမှတစ်ဆင့် သယ်ယူရသောကြောင့် စိုးရိမ်စရာဖြစ်ကြောင်း ဒါဗားဆူရင်ကပြောသည်။

ကွန်တိန်နာများအား ပျှမ်းမျှအားဖြင့် ၅ရက်မှ၇ရက်အတွင်း ဆိပ်ကမ်းသို့ပို့ဆောင်ပေးသော်လည်း ယခုအခါရက်၃၀သို့မဟုတ် တစ်ခါတရံ ရက်ပေါင်း၄၀အထိပင် ကြာတတ်သောကြောင့် ငှားရမ်းခနှင့်သိုလှောင်မှုစရိတ်များ သိသိသာမြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly