ထန်တလန်က စစ်ကောင်စီတပ်များ

ထန်တလန်က စစ်ကောင်စီတပ်များ

အောက်တိုဘာ ၂၉

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့သည် စစ်ကောင်စီတပ်ကလူနေရပ်ကွက်များအပေါ် လက်နက်ကြီးပစ်ခတ်မှုရှိခဲ့သဖြင့် အိုးအိမ်စွန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် အိုးအိမ်များမီးလောင်မှုဖြစ်ပေါ်လာခဲ့သည်။ ယခုသတင်းပေးပို့ချိန်အထိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်းနှင့် လူနေအိမ် ၁၃၀ ကျော်လောင်ကျွမ်းပြီးဖြစ်ကာ မီးငြိမ်းသတ်မည့်သူမရှိ၍ မီးတောက်လည်းဆက်လက်အားကောင်းနေဆဲဖြစ်သည်။

စစ်ဆင်ရေးအဖြစ် နယ်မြေရှင်းလင်းရေးလုပ်ခံရသည့် ထန်တလန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှာ ခလရ (၂၆၉)၊ ခလရ (၂၂၂)နှင့် ခလရ (၁၁) တို့ဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။ ခလရ (၂၆၉) မှ ဒုဗိုလ်မှူးကြီး သောင်းလှိုင်သည် က တပ်ပေါင်းစုကိုဦးစီးနေသူဖြစ်သည်ဟုဆိုသည်။

ချင်းပြည်နယ်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိကာ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုအထူးအဖွဲ့မှူးထပ်ဆင့်ကွပ်ကဲသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required