ဂျမူး-ကက်ရှ်မီးယားဒေသ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

By India Blooms News Service
29 October 2021
ဂျမူး-ကက်ရှ်မီးယားဒေသ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ အာနန့်နက်ခရိုင်ရှိ ကျေးလက်ဒေသ အသက်မွေးဝမ်းကြောင်း လုပ်ငန်းစဉ်မှ နယ်မြေအလိုက် တိုးတက်မှုများကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးအား အဆိုပါ လုပ်ငန်းစဉ်၏ ညွှန်ကြားရေးမှူး ဒေါက်တာဆီယက်ဆာရစ်အက်စ်ဂါက အောက်တိုဘာ ၂၁ ရက်တွင် ဦးဆောင် ကျင်းပခဲ့သည်။

ရိုးရာ လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး ရန်ပုံငွေအစီအစဉ် (SFURTI) သည် ဘုံလုပ်ငန်းဆောင်ရွက်ရေး ဌာနများ (CFCs)၊ ကုန်ကြမ်းပစ္စည်းဘဏ် (RMB) နှင့် ကျွမ်းကျင်မှုနှင့် ပုံစံဖွံ့ဖြိုးရေးသင်တန်းဌာနတို့အား ထူထောင် ခြင်းအားဖြင့် လုပ်ငန်းများကို လွယ်ကူအဆင်ပြေစေမည် ဖြစ်သောကြောင့် လက်မှုပညာရှင်များ ဖြစ်ကြသည့် ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်ရေးအဖွဲ့ (SHG) ၏ လက်ရှိ အဖွဲ့ဝင်များအား ပေါင်းစည်း မှတ်ပုံတင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ကြရန် ဒေါက်တာ်ဆာရစ်အက်စ်ဂါက မှာကြားသည်။

သက်ဆိုင်ရာ ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် SHG အဖွဲ့ဝင်များအနေဖြင့် လယ်ယာကဏ္ဍနှင့် လယ်ယာမဟုတ်သည့်ကဏ္ဍတို့တွင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထူထောင်ကြရန်လည်း ၎င်းက ပြောကြားသည်။

အာနန့်နက်ခရိုင်သည် နွားနို့ ထုတ်လုပ်ရေးလုပ်ငန်းအတွက် များစွာ အလားအလာရှိသောကြောင့် လယ်သမား ထုတ်လုပ်သူများအဖွဲ့အစည်း (FPOs) အစီအစဉ်အတွင်းသို့ SHG အဖွဲ့ဝင်များကို ထည့်သွင်းရန်၊ အဆက်အသွယ်များ ပိုမိုရရှိစေရန်နှင့် မိမိတို့ လုပ်ငန်းတိုးတက်စေရန် အုပ်စုဖွဲ့ ဆောင်ရွက်မှုများကို စီစဉ်ပေးရန်လည်း ဒေါက်တာ်ဆာရစ်အက်စ်ဂါက မှာကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly