ရေဦးတွင် စစ်ကောင်စီခြေလျင်တပ်အား မိုင်းဆွဲတိုက်ခိုက်၊ သေဆုံးမှုများရှိဟုဆို

ရေဦးတွင် စစ်ကောင်စီခြေလျင်တပ်အား မိုင်းဆွဲတိုက်ခိုက်၊ သေဆုံးမှုများရှိဟုဆို

အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာအနီး မီးရထား သံလမ်းကူး နေရာတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ယနေ့အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့အဖွဲ့ထံက သိရသည်။

ရေဦးပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ရေဦး မြို့ပြပြောက်ကျားအဖွဲ့ -YE-U Urban Guerrilla(YUG)မှ ပူးပေါင်းပြီး ယနေ့ နေ့လယ် ၁၂နာရီ ၂၂ မိနစ်အချိန်တွင် မိုင်းလေးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"သူတို့က ချမ်းသာရွာကိုဝင်တယ်။ အဲဒီကအပြန်ကို မိုင်းဆွဲလိုက်တယ်။ ခွေး (စစ်ကောင်စီတပ်)တွေအသေအ‌‌ပျောက်ကတော့ အကုန်မသိသေးဘူး။ သူတို့က လမ်းလျှောက်လာတာ၊ အင်အားက ၄၀ကျော်ပါတယ်။ နေရာမှာတော့ လေးကောင်သေတာတွေ့တယ်"ဟု YUG အဖွဲ့ဝင် တစ်ဦးကပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြောက်ကျားအဖွဲ့ဘက်က ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required