“နှစ်လိုဖွယ်” ချည်းကပ်မှုကို ဖော်ဆောင်ရန် တာလီဘန်ကို အီရန် တိုက်တွန်း 

“နှစ်လိုဖွယ်” ချည်းကပ်မှုကို ဖော်ဆောင်ရန် တာလီဘန်ကို အီရန် တိုက်တွန်း 
Photo - AFP

အောက်တိုဘာ ၂၈

တာလီဘန်တွေအနေနဲ့ “နှစ်လိုဖွယ်” ချည်းကပ်မှုကို ဖော်ဆောင်ဖို့ ဒေသတွင်း အစည်းအဝေးတစ်ရပ်မှာ အီရန်နိုင်ငံက တိုက်တွန်းပြောဆိုပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း “လမ်းပြမြေပုံ” တစ်ရပ် ရေးဆွဲရေးအတွက် အီရန်နိုင်ငံဆီ အိမ်နီးချင်း ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ တာခ်မင်နစ္စတန်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ လာရောက်ဆွေးနွေးကြတာဖြစ်ပြီး ဒီ အစည်းအဝေးဆီ တရုတ်နဲ့ ရုရှ နိုင်ငံခြားရေးဝန်ကြီးတွေက ဗီဒီယိုဆက်သွယ်မှုကနေ တက်ရောက်ခဲ့ပါတယ်။ 

“တာလီဘန်တွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ရင်းနှီးတဲ့ ချည်းကပ်မှုမျိုးနဲ့ ချည်းကပ်ဖို့က အရမ်း အရေးကြီးတယ်၊ အာဖဂန်နစ္စတန်နိုင်ငံကနေပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ခြိမ်းခြောက်လာတာမျိုး မဖြစ်စေရဘူးလို့ အာမခံနိုင်ဖို့ကလည်း အတော်အရေးကြီးပါတယ်”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီယာ အဒူလာဟင်က ပြောပါတယ်။ 
“အာဖဂန်နစ္စတန်ရဲ့ အရှိတရားကို ကျွန်တော်တို့က ရှင်းရှင်းလင်းလင်း ထင်ဟပ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒီ နိုင်ငံမှာ ဖွံ့ဖြိုးမှု ဖြစ်ပေါ်လာရေး အိမ်နီးချင်းနိုင်ငံတွေကလည်း မျှော်လင့်သလို လမ်းပြမြေပုံတစ်ရပ်ကို ရေးဆွဲဖြစ်ပါမယ်”လို့ သူက ဆိုပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံဟာ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းရဲ့ တွင်းနှုတ်ခမ်းဝမှာ ရှိနေပြီး ဒီ ဆောင်းရာသီမှာ အစာရေစာပြတ်လပ်တာကို မုချမလွဲ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက တနင်္လာနေ့မှာ သတိပေးထားပါတယ်။ 

အခု အစည်းအဝေးကို ဗီဒီယိုဆက်သွယ်မှုကနေ မိန့်ခွန်းပြောရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က “အာဖဂန် စီးပွားရေး အလုံးစုံ အရည်ပျော်ကျမှာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းနဲ့ ပြည်သူတွေ ရပ်တည်ရှင်သန်နိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့တွေ ရှာကြံကြရမှာ ဖြစ်တယ်”ဆိုပြီး ပြောပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ အခြေအနေတွေဟာ သက်ရောက်မှု ရှိတဲ့ ပတ်လည်က နိုင်ငံတွေမှာပါ ရိုက်ခတ်တာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန် ပထမ လက်ထောက်သမ္မတ မိုဟာမတ် မိုခါဘာက သတိပေးပြောပါတယ်။ 

“ဖြေရှင်းနည်းသာ ရှာမတွေ့ရင်၊ အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးကို မထိန်းကျောင်းနိုင်ရင် အကျပ်အတည်းပြဿနာမီးဟာ အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး အိမ်နီးချင်းနဲ့ ကမ္ဘာကိုပါ ရိုက်ခတ်လာမှာ ကျိန်းသေပဲ”လို့ သူက ပြောပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ် မိုင် ၅၆၀ ကျော် ထိစပ်နေတဲ့ အီရန်နိုင်ငံဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အာဏာရခဲ့တဲ့ တာလီဘန်တွေကို အသိအမှတ် ပြုထားတာ မရှိပါ။ 

ဒါပေမဲ့ လက်တွေ့အလုပ်ဖြစ်ရေး ဝါဒကို ရှေရှုပြီး အီရန်ဟာ မကြာသေးတဲ့အချိန်တွေမှာ ပိုမို ပျော့ပြောင်းစွာ ချည်းကပ်လာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly