လှိုင်သာယာဘုရင့်နောင်တံတားကို ပြန်လည်ဖွင့်ပေးသော်လည်း ယာဥ်ကြောပိတ်ဆို့မှုနှင့် စစ်ဆေးမှုများရှိနေဆဲ

By ဂန္ဒမာ
28 October 2021
လှိုင်သာယာဘုရင့်နောင်တံတားကို ပြန်လည်ဖွင့်ပေးသော်လည်း ယာဥ်ကြောပိတ်ဆို့မှုနှင့် စစ်ဆေးမှုများရှိနေဆဲ

အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာဘုရင့်နောင်တံတားကို ယနေ့ အောက်တိုဘာ ၂၈ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်ပေးခဲ့​သော်လည်း ယာဉ်ကြောပိတ်ဆို့မှုနှင့် စစ်ဆေးမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်‌ကောင်စီဘက်မှ လုံခြုံ​ရေးယူထားမှုအ​ခြေအ​နေများ​က အထိတ်တလန့်ဖြစ်​စေ​ကြောင်း ပြည်သူများက ပြောသည်။

စစ်ကောင်စီက ကျူးကျော်နေအိမ်များဖြိုဖျက်ရန်အတွက် ဘုရင့်နောင်တံတားကို ယနေ့နံနက် ၆နာရီမှစ၍ ပိတ်ထားခြင်းဖြစ်သည်။

"မနက်အ​စောကြီးထဲက တံတားက စပိတ်ထားတယ်။ ဘုရင့်နောင်တံတားအဆင်း လှိုင်သာယာ မြို့နယ်အစက စပိတ်တာ။ အလုပ်သွားမယ့်သူ​​တွေ ဖြတ်သွားဖြတ်လာလုပ်တဲ့သူ​တွေ၊ လူဆို လမ်းဆင်း​လျှောက်ရတယ်၊ ဆိုင်ကယ်ဆိုဆင်းတွန်း၊ ကား​ပေးမဖြတ်ဘူး။ စစ်တာ​ဆေးတာ​တွေ​ရှိတယ်။​ ရောက်​နေတဲ့ ​စစ်သား၊ ရဲအင်အားက ​ရှေ့တန်းထွက်လာသလိုပဲ။ လှိုင်သာယာက မခံဘူး အ​သေပြန်ချတာ။ အဓိကရုဏ်းဖြစ်မှာ​ ကြောက်လို့ ထင်တယ်"ဟု မျက်မြင်​တွေ့ရှိသူ ​ဒေသခံတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ်များကို ယနေ့ အောက်တိုဘာ ၂၈ ရက်အပြီး ဖျက်သိမ်းရန် စစ်ကောင်စီက အမိန့်ထုတ်ထားခြင်းဖြစ်သည်။

"မနက်ပိုင်း ၇ နာရီလောက်က ကမ်းနားလမ်း တစ်ကြောလုံး လမ်းပိတ်နေတာ အရှေ့လည်းတိုးမရ ‌နောက်လည်းထွက်မရ သခင်မြပန်းခြံကနေ စပြီးတော့ပိတ်နေတာ၊ ရဲတွေ၊ စစ်သားတွေ၊ စည်ပင်ဝန်ထမ်းတွေလည်း လမ်းပေါ်မှာ အများကြီးတွေ့ရတယ်"ဟု ရေသန့်ကားမောင်းနှင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် စစ်​ဆေး​မေးမြန်းမှုများလည်းရှိပြီး ​ဆိုင်ကယ် အဖမ်းအဆီးများလည်း ရှိ​နေ​ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly