ရန်ကုန်-ပုသိမ်လမ်းမ​ကြီး​​ဘေး တစ်လျှောက်ရှိ ကျူး​ကျော်​နေအိမ်များအား အင်အားသုံးဖြိုဖျက်

ရန်ကုန်-ပုသိမ်လမ်းမ​ကြီး​​ဘေး တစ်လျှောက်ရှိ ကျူး​ကျော်​နေအိမ်များအား အင်အားသုံးဖြိုဖျက်

အောက်တိုဘာ ၂၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီး​ဘေးတစ်လျှောက်ရှိ ကျူး​ကျော်​နေအိမ် ၁,၀၀၀​ ကျော်ခန့်ကို ယ​နေ့ ​အောက်တိုဘာလ ၂၈ ရက်​နေ့အပြီးဖျက်သိမ်းရန် စစ်​ကောင်စီမှအမိန့်ထုတ်ထားရာ ယ​နေ့မနက်တွင် အင်အားသုံးဖြိုဖျက်​နေ​ကြောင်း သိရသည်။

"တချို့ ကျူး​ကျော်​တွေက မ​နေ့ညထဲက အကုန်ဖျက်သွားကြပြီ။ သူတို့အိမ်ကို သူတို့ကိုယ်တိုင်ဖျက်ရတာဗျာ ။ ဘယ်​လောက် စိတ်မ​ကောင်း ဖြစ်စရာ​ကောင်းလဲ။ ဒီအချိန်ကြီးဗျာ နိုင်ငံ​ရေးကလည်း မ​ကောင်းရတဲ့ကြားထဲ ဘာ​တွေဆက်လုပ်စားပြီး ဘယ်မှာသွား​နေမလဲမသိဘူး။ ဒီမနက်​တော့ ကျန်တဲ့ကျူး​​ကျော်​နေအိမ်တွေကို ဆက်ပြီး ဖျက်​နေတာ​တွေ့ခဲ့ပါတယ်။ လမ်း​ကြော အ​ခြေအ​နေ​တွေလည်း​ တော်​တော်ပိတ်​နေပါတယ်" ဟု ​ဒေသခံတစ်ဦးက မဇ္စျိမကို ​ပြောသည်။

ကျူး​ကျော်​နေအိမ်များကို ဖြိုဖျက်ရာတွင် ဘူဒိုဇာကားများ၊ အဓိကရုဏ်း နှိမ်နင်းရေးကားများ၊ အချုပ်ကား၊ စစ်ကား၊ ရဲကားများနှင့် စည်ပင်ကားများလည်း အမြောက်အမြားပါဝင်ကာ အင်အားသုံးဖျက်သိမ်း​နေသည်ဟု မျက်မြင်သက်​သေများက ဆိုသည်။

ယနေ့ မနက် ၆ နာရီမှ စတင်ပိတ်ထား​သော လှိုင်သာယာ ဘုရင့်နောင်တံတားကို မနက် ၉ နာရီခန့်က ပြန်လည်ဖွင့်လှစ်​ပေးခဲ့​သော်လည်း လက်ရှိအချိန်ထိ ယာဥ်​ကြောပိတ်​နေကြောင်း ခရီးသွားများထံမှ သိရသည်။

ပုံစာ- ကျူးကျော်များဖယ်ရှားမည့် အစီအစဥ်ကြောင့် ဘုရင့်နောင်တံတား ပိတ်ဆို့ထားသည့်မြင်ကွင်း။ photo credit -Ko Arrman

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required