မအူပင်မြို့ ကညန ရုံးရှေ့ ဗုံးပေါက်

မအူပင်မြို့ ကညန ရုံးရှေ့ ဗုံးပေါက်

အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ မြို့ရှောင်လမ်းတွင်ရှိသည့် ခရိုင်အဆင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန ( ကညန) ရုံးရှေ့တွင် ယနေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ည ၇ နာရီကျော်တွင်ဖြစ်ပွားသော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မအူပင် ပြည်သူ့ကာကွယ်ရေးတပ်၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ငန်းနက် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မအူပင်မှာ စစ်အုပ်စုရဲ့ လက်အောက်ခံ ဝန်ထမ်းတွေက မတရားသဖြင့် ဆိုင်ကယ်တွေကိုဖမ်း၊လိုင်စင်တွေသိမ်း၊ဆိုင်ကယ်တွေကိုသိမ်း၊ပြီးရင် ပိုက်ဆံအများကြီးတောင်းပြီး ပြန်ရွေးခိုင်းတာတွေလုပ်နေတယ် အဲ့ဒါကြောင့် ဖောက်ခွဲခဲ့တာပါ၊ရှေ့ဆက်ပြီး စစ်အုပ်စုနဲ့ပတ်သတ်တာမှန်ရင် ဆက် လက်တိုက်ခိုက်သွားမှာပါ" ဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲခဲ့ပြီး မိနစ်အနည်းငယ်တွင် မအူပင်ခရိုင် ကညန ရုံးရှိရာ မြို့ရှောင်လမ်းနှင့် မအူပင်မြို့ လမ်းမကြီးတွေပေါ်မှာ သွားလာနေသည့် ယာဉ်များကို စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required