ဈေးနှုန်းလက်ဝါးကြီးအုပ်မှုတားဆီးရေးအဖွဲ့အစည်းက တရုတ်နည်းပညာကုမ္ပဏီကြီးများကို ထိန်းချုပ်မှုများ ပိုမိုပြုလုပ်လာ

By Yahoo Finance
25 October 2021
ဈေးနှုန်းလက်ဝါးကြီးအုပ်မှုတားဆီးရေးအဖွဲ့အစည်းက တရုတ်နည်းပညာကုမ္ပဏီကြီးများကို ထိန်းချုပ်မှုများ ပိုမိုပြုလုပ်လာ

တရုတ်တွင် ဘဏ္ဍာရေးနည်းပညာ၊ အချက်အလက်စီမံခန့်ခွဲမှုမှသည် ပညာရေးအထိ လုပ်ငန်းစည်းမျဉ်းများကို အဖွဲ့အစည်းများစွာမှ ပြန်လည်ပြင်ဆင်နေခြင်းအပေါ် စိတ်ဝင်စားသူများက မျက်ခြေမပျက် စောင့်ကြည့်လေ့လာနေကြသည်။

တရုတ်အင်တာနက်ကုမ္ပဏီများအနေဖြင့်သုံးစွဲသူများ၊ ရောင်းချသူများ၊ အစိုးရတို့နှင့် ဆက်ဆံမှုများတွင် ကြီးကြီးမားမား ပြင်ဆင်ဖွဲ့စည်းမှုသည် လုပ်ငန်းအစပိုင်းတွင်သာ ရှိနေသေးကြောင်း ဈေးနှုန်းသတ်မှတ်ရာတွင် လက်ဝါးကြီး အုပ်မှုအပေါ် တားဆီးရန် တာဝန်ပေးအပ်လိုက်သည့် ဗျူကရေစီအဖွဲ့အစည်းက သတိပေးသည့် အခြေအနေတွင် ရှိနေသည်။

လက်ရှိဖွဲ့စည်းထားသည့် အေဂျင်စီများကို လွန်ခဲ့သည့် ၃ နှစ်က ပေါင်းစည်းဖွဲ့စည်းခဲ့သည့် ဈေးကွက်စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးအဖွဲ့(SAMR) သည် ကမ္ဘာတွင်အင်တာနက်သုံးစွဲသူ အများဆုံးရှိသည့် နိုင်ငံတွင် ဈေးကွက်တွင် အခွင့်အလမ်းများနှင့် အန္တရယ်ကိုတွက်ချက်ရာ၌ ကုမ္ပဏီများအနေဖြင့်ထည့်သွင်းစဉ်းစားရမည့် အဖွဲ့ဖြစ်လာသည်။

Alibaba နှင့် Meituanကဲ့သို့သော ကုမ္ပဏီကြီးများကို ကြီးလေးသောဒဏ်ငွေများ စည်းကြပ်ခဲ့သလို မကြာသေး မီက ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ SAMR သည် စတင်အကောင်ထည်ဖော်နေသည့် အဆင့်တွင်သာ ရှိကြောင်း ဖော်ပြနေသည်။

တရုတ်က SAMR အဖွဲ့အတွင်းရှိ လက်ဝါးကြီးအုပ်မှုတားဆီးရေးဗျူရိုကို အမျိုးသားလက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဗျူရို အမည်ဖြင့် ဝန်ကြီးဌာနအောက်အဆင့်သတ်မှတ်ပေးကာ အဆင့်မြင့်တင်ရန် စဉ်းစားနေကြောင်း အောက်တိုဘာလ ၁၃ ရက်တွင် Reuters ကဖော်ပြခဲ့သည်။

ထိုကဲ့သို့ အဆင့်မြင့်လိုက်ခြင်းက လက်ဝါးကြီးအုပ်မှုတားဆီးရေးစုံစမ်းစစ်ဆေးသူများအား ကုမ္ပဏီများ ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းများကို စစ်ဆေးသည့်အခါ ရင်းမြစ်များ ပိုမိုရရှိနိုင်သလို ယခင်က သုတေသန အတွက် ပြင်ပရင်းမြစ်များကို အားကိုးနေရခြင်းမှ SAMR ၏ ကိုယ်တိုင်သုတေသနများကို ပြုလုပ်နိုင်ရန်လည်း ကူညီပေးနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် အေဂျင်စီသည် လုပ်သားအင်အားကို သိသိသာသာချဲ့ထွင်ရန် စီစဉ်နေသည်ဟူသော ထွက်ပေါ်ခဲ့သည့် သတင်းများနှင့်လည်း ကိုက်ညီနေသည်။

ယခုကဲ့သို့ SAMR ကို အဆင့်မြင့်တင်ပေးလိုက်ခြင်းကြောင့် ကုမ္ပဏီတစ်ခုက အများပြည်သူများသို့ ရှယ်ယာများရောင်းချခွင့်ရှိ၊ မရှိကို ဆုံးဖြတ်ရန်အာဏာလည်း ရှိလာနိုင်ဖွယ်ရှိသည်။

အများပြည်သူသို့ ရှယ်ယာများ ကနဦးရောင်းချရန် မျှော်လင့်နေသော ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုမြင့်မားသော စံနှုန်းများဖြင့် တင်းကျပ်စွာ စစ်ဆေးခြင်းခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly