ပေါင်းတည်မြို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ရှေ့နေ သေနတ်ဖြင့် ပစ်ခတ်ခံရ

ပေါင်းတည်မြို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ရှေ့နေ သေနတ်ဖြင့် ပစ်ခတ်ခံရ

အောက်တိုဘာ ၂၅

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့တွင် ပျူစောထီးအဖွဲ့ဝင်ဟု လူပြောများနေသည့် ရှေ့နေအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံများမှ ပြောသည်။

ပေါင်းတည်မြို့၊ နွယ်ချို (၁)ရပ်ကွက်၊ အရှေ့လမ်းပေါ် (၁၇) လမ်းထိပ်တွင် ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ကိုမျိုးမင်းဇော်ဆိုသူ ဆိုင်ကယ်မောင်းနှင်လာစဉ် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF) က ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ တာ၀န်ရှိသူက ပြောကြားသည်။

“သူက စစ်ကောင်စီ သတင်းပေးပါ။ နောက်ပြီး ပျူစောထီး အဖွဲ့ဝင်လည်းဖြစ်တယ်။ သူ့ကြောင့် ပြည်သူတွေ အတော်ဒုက္ခရောက်နေကြတာ ပြည်သူ့ဘက်က မရပ်တည်တဲ့ ဒလန်တွေ သတိထားပါ ”ဟု PPDF အဖွဲ့မှ ပြောခွင့်ရှိသူတစ်ဦးမှ ဆိုသည်။

ပစ်ခတ်ခံရသည့် ကိုမျိုးမင်းဇော်ဆိုသူ၏ နောက်ကျောတွင် ကျည်ထိမှန်ခဲ့ပြီးနောက် ပေါင်းတည်ဆေးရုံမှတစ်ဆင့် ပြည်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly