ချင်းပြည်နယ်ရှိ CDM ပြုလုပ်သူ ရဲမေ ၂ ဦးအား ပုံဖျက်ကာသတင်းမှားဖြန့်ဝေမှုရှိနေ

ချင်းပြည်နယ်ရှိ CDM ပြုလုပ်သူ ရဲမေ ၂ ဦးအား ပုံဖျက်ကာသတင်းမှားဖြန့်ဝေမှုရှိနေ

အောက်တိုဘာလ ၂၄ ရက်

ချင်းပြည်နယ်ရှိ CDM ပြုလုပ်သူ ရဲမေနှစ်ဦးကို ချင်း PDF များမှ သူလျိုဟုဆိုကာ အုပ်စုလိုက် ဝိုင်းပြီး မုဒိမ်းကျင့်ခဲ့ကြောင်း  တပ်ဝါဒဖြန့် Telegram Channel တစ်ခုဖြစ်တဲ့ Ye Yint Htet ဆိုသည့် channel မှ စတင်ဖြန့်ဝေခဲ့သည်။

လူပေါင်း ၇၀၀၀ ကျော် subscribe ပြုလုပ်ထားသည့် Ye Yint Htet ဆိုသည့် Telegram Channel တွင် CDM ဝင်သည့် ရဲမေများဖြစ်သည့်  ချင်းပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲအုပ် ရဲမေ ထာချင်းဆုန်နဲ့ ဟားခါးခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ တပ်ကြပ်ဒါရ်ဗန်း တို့ဟာ စက်တင်ဘာ ၁၈ ရက်တွင် CDM ပါဝင်ပြီး နောက် CDF မှ အဆိုပါ အမျိူးသမီးရဲမေ နှစ်ဦးကို သူလျိူဟုဆိုကာ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခြင်းကို တွေ့ရပါသည်။

မဇ္ဈိမ သတင်းမှားတိုက်ဖျက်ရေးအဖွဲ့မှ ဒီသတင်းနဲ့ပက်သက်လို့ ဟားခါး PDF ဆီဆက်သွယ်မေးမြန်းရာမှာ အဆိုပါ ရဲမေနှစ်ဦး CDM ဝင်ခြင်းကို အကူအညီပေးခဲ့တာဖြစ်ပြီး ဟားခါး PDF မှ အဓမ္မပြုကျင့်သည်ဆိုသည်မှာ သတင်းအမှားဖြစ်တယ်ဆိုပြီး ဖြေကြားခဲ့ပါသည်။ ဒါ့အပြင် လက်ရှိ CDM ရဲမေများကို လုံခြုံရာနေရာတွင် ပို့ဆောင်ပေးထားကြောင်းလည်း ဟားခါး PDF မှ တာဝန်ရှိသူက ဖြေကြားခဲ့ပါသည်။

ဒါကြောင့် Ye Yint Htet ဆိုသည့် Telegram Channel တွင် ဖြန့်ဝေမှု ပြုလုပ်နေသည့် ချင်းပြည်နယ်ရှိ CDM ပြုလုပ်သူ ရဲမေနှစ်ဦး အား PDF များမှ ဝိုင်းဝန်းအဓမ္မပြုကျင့်သည်ဆိုသည့်မှာ လုပ်ကြံ ပုံဖျက်ထားသည့် သတင်းအမှားသာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly