လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်၊ သုံးဘီး ယာဉ်များကို ဖမ်းဆီးနေ

By ဂန္ဒမာ
23 October 2021
လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်၊ သုံးဘီး ယာဉ်များကို ဖမ်းဆီးနေ

အောက်တိဘာ ၂၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကို ဖမ်းဆီးနေကြောင်း ဒေသခံ ခရီးသွား ပြည်သူများက ပြောသည်။

"ကျွန်မတို့ မြင်ခဲ့ရသလောက်တော့ ဗိုလ်ချုပ်မှတ်တိုင်နားက စစ်ကားကြီးပေါ်မှာ ဖမ်းထားတဲ့ ဆိုင်ကယ်တွေ အများကြီးတွေ့ခဲ့ရတယ်။ နောက်ပြီး လှိုင်သာယာ အနောက်ပိုင်းက သောင်ကြီး ရဲစခန်းရှေ့၊ ၅ထိပ်ပန်းခြံနား၊ ပဲခူးလမ်းမှတ်တိုင်၊ ဘီအိုစီနဲ့ စနေမ မှတ်တိုင်ကြားမှာလည်း ဖမ်းနေတယ်လို့ ကြားပါတယ်။ သတိထား သွားလာကြပါ။ သူတို့တွေ တမင်ကို ငွေညှစ်ချင်လို့လုပ်စားနေတာပါ"ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိပြီး ဆိုင်ကယ် အစီးပေါင်းများစွာ ပါသွားသောကြောင့် ဆိုင်ကယ် ကယ်ရီသမားများ၊ ဘေးတွဲယာဉ်မောင်းများမှာ မကျေမနပ် ဖြစ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ နောက်ဆုံးတွင် ဖမ်းဆီးသွားသော ဆိုင်ကယ်နှင့် ဘေးတွဲယာဉ်များကို ငွေဖြင့် ပြန်ရွေးယူခိုင်းမည် ဖြစ်ကြောင်း ဒေသခံပြည်သူများက ယူဆနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly